မော်လမြိုင်-ရန်ကုန်သွား မီးရထားလမ်းအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလား သူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ် ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူ နေထိုင် လျက်ရှိသောနေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းများ အလစ်အငိုက်လုပ်ဆောင်လျက်ရှိသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ငလျင် ဘေးဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလကို ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ယနေ့နံနက် ၇ နာရီခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၏ အနောက်မြောက်ဘက် မီတာ ၁၁၀၀၀ ခန့်အကွာရှိ မိုင်တိုင်အမှတ် (၁၀၇/၉) နှင့် မိုင်တိုင်အမှတ် (၁၀၇/၁၀) ကြား အရှည်ပေ ၄၀ ရှိ သံဘောင်အမျိုးအစား တံတား အမှတ်(၅၉)နေရာ မော်လမြိုင်- ရန်ကုန်သွား မီးရထားလမ်းအား ဒေသန္တရ လက်လုပ် မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားအောက်ခြေတိုင် ၂ ပေခွဲ ခန့် ကွဲအက် ပျက်စီးခဲ့ကြောင်းနှင့် အဆိုပါပျက်စီးမှုများကြောင့် မီးရထားများ ဖြတ်သန်းသွားလာမှုကို မထိခိုက်စေဘဲ ကောင်းမွန်စွာ ဖြတ်သန်းသွားလာနိုင်ကြောင်း သိရှိရသည်။
ငလျင်ဘေးဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည့်ကာလအတွင်းတွင် ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော နေရာများ၌ အကြမ်းဖက်လုပ်ဆောင်ခြင်းများသည် ပြည်သူများအား ပိုမိုအထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန်၊ သွားလာမှုခက်ခဲ စေရန်နှင့် ကုန်စည်စီးဆင်းမှုကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေပြီး တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းများ ဖြစ်ကြောင်း သတင်းရရှိသည်။
Source: Myawady Webportal