ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် အပျော်အပါးသီဆိုကခုန်မှုများမပါဝင်ဘဲ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီသင်္ကြန်ပွဲတော်များကို ကျင်းပလျက်ရှိရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၏ ရေအေးသင်္ကြန်မဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်တို့သို့ သွားရောက်၍ ကြည့်ရှုအားပေးခဲ့
မြန်မာ့ရိုးရာအစဥ်အလာနှင့်အညီ သပြေခက်ဖြင့်ရေပက်ဖျန်းကာ သင်္ကြန် ပွဲတော်ကိုဆင်နွှဲကြခြင်းဖြစ်ပြီး ဘိုး၊ဘွားများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းလှီးဖြတ်ပေးခြင်းကုသိုလ်ပြုလုပ်နေမှုအစီစဉ်များလည်းပါဝင်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ဘိုးဘွားများကိုသင်္ကြန်လက်ဆောင်များပေးအပ်ပြီး စတုဒိသာမဏ္ဍပ်တွင် စတုဒိသာကျွေးမွေးနေမှုများကိုပါကြည့်ရှုအားပေးခဲ့သည်။
ယခုနှစ် နေပြည်တော်လမ်းလျှောက် မြန်မာ့ရိုးရာအတာသင်္ကြန်အား ယူနက်စကို၏လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်သတ်မှတ်ခံရသည်ကို အသိအ မှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုကျင်းပခြင်းလည်းဖြစ်သည်။
ကိုးကား- Popular Myanmar
MM-News-Category