ဆာကိုဇီက ကဒါဖီထံမှ တရားမဝင် ဒေါ်လာသန်းပေါင်းများစွာ မည်သို့ရရှိခဲ့သလဲ
ပြင်သစ်သမ္မတဟောင်း နီကိုလစ်ဆာကိုဇီသည် ၂၀၀၇ ခုနှစ် ရွေးကောက် ပွဲတွင် အနိုင်ရရှိရေး အသုံးပြုရန် ဒေါ်လာသန်းပေါင်း များစွာကို လစ်ဗျား ခေါင်းဆောင် မွမ်မာကဒါဖီထံမှ တရားမဝင် လက်ခံရရှိခဲ့ကြောင်း စွပ်စွဲခံရ သဖြင့် ရုံးတင်စစ်ဆေးနေမှုမှာ ယခု သီတင်းပတ်တွင် ပြီးဆုံးသွားပြီဖြစ် ပါသည်။
ထိုအဂတိလိုက်စားမှုစွပ်စွဲချက်ဖြင့် သမ္မတဟောင်း ဆာကိုဇီကို ဇန်နဝါရီလ ကတည်းက စတင်၍ ၃ လတာ ပြင်းပြင်းထန်ထန် အမှုစစ်ဆေးကြားနာ ပြီးဖြစ်သော်လည်း အမိန့်ချမှတ်မည့် လာမည့်စက်တင်ဘာလ၂၅ ရက်အထိ လျှို့ဝှက်ဖွယ် ဇာတ်လမ်းတစ်ပုဒ်လို စိတ်ဝင်စားဖွယ်ကောင်းနေကြောင်း France 24 က ဖော်ပြထားပါသည်။
ရုံးချိန်းတွင် ဝန်ကြီးဟောင်း ၃ ဦးအပါအဝင် အခြားတရားခံ ၁၁ ဦး ကို စစ်ဆေး ခဲ့သည်။ အဂတိလိုက်စားမှုဖြင့် စွဲချက်ခံထားရမှုအပေါ် သမ္မတဟောင်း ဆာကိုဇီက ပြတ်ပြတ်သားသား ငြင်းပယ်ထားပါသည်။
ကိုးကား- France 24
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃