အပစ်အခတ်ရပ်စဲမှုမတိုင်မီထိ ရုရှားအပေါ် ပိတ်ဆို့မှုကို ဖြေလျော့ရန် ဆွေးနွေးမည် မဟုတ်ဟု အမေရိကန် နိုင်ငံခြားရေး ပြောကြား
အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းအတွင်း အပစ်အခတ်ရပ်စဲမှု မတိုင်မချင်း ရုရှားအပေါ် အရေးယူပိတ်ဆို့ထားမှုကိစ္စကို ဖြေလျော့ပေးရန် အစီအစဉ်မရှိကြောင်း၊ ထိုကိစ္စအတွက် မည်သည့်ဆွေးနွေးမှုမှလည်း ပြုလုပ် လိမ့်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် တက်မီ ဘရုစ်က သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့သည်။
အိမ်ဖြူတော်က ရုရှားပိတ်ဆို့မှုကိစ္စဖြေလျော့ပေး ပိတ်ဆို့မှုစာရင်းတစ်ခုကို ပြင်ဆင်ရန် အမိန့်ထားပါသလားဟု သတင်းထောက်တစ်ဦးမေးမြန်းချက် အပေါ် “ထိုအကြောင်းအရာအပေါ် ဆွေးနွေးရန် လက်ရှိအခြေအနေမှာ အဆင်သင့်မဖြစ်သေးပါ”ဟု ၎င်းက ပြန်လည်ဖြေကြားထားပါသည်။
မတ်လအတွင်းက ရုရှားသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဒမီထရီပက်စကော့ဖ်က “ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများအားလုံးကို တရားမျှတမှု မရှိဟု တွက်ဆထားပါတယ်၊၎င်းတို့ကို ဖယ်ရှားပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃