ယူကရိန်း၊ ပြင်သစ်၊ ဗြိတိန်နှင့် တူရကီတို့ ၂ ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ် လျက်ရှိ
ယူကရိန်း၊ ပြင်သစ်၊ ဗြိတိန်နှင့် တူရကီနိုင်ငံတို့သည် ပင်လယ်နက် လုံခြုံရေး အခြေအနေများအပေါ် ဆွေးနွေးရန်အတွက် တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့၌၂ ကြာအစည်းအဝေးတစ်ရပ်ကျင်းပနေကြောင်း ယူကရိန်း သမ္မတ ဗလာဒီမာ ဇီလန်းစကီးက ထုတ်ဖော်ပြောကြားလိုက်ပါသည်။
“ပင်လယ်နက်လုံခြုံရေးနှင့်စပ်လျဉ်းပြီး ပုံမှန်မဟုတ်တဲ့ စစ်ရေးဆွေးနွေးပွဲ တစ်ခုကို တက်ကြွသူ မဟာမိတ်များနှင့် ဆွေးနွေးနေကြပါတယ်၊ ပဲရစ် အစည်းအဝေးတွင် ဖော်ပြခဲ့သည့် ဥရောပနိုင်ငံများဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ ယူကရိန်းတို့မှ ကိုယ်စားလှယ်များနှင့် အိမ်ရှင်တူရကီနိုင်ငံတို့ ပါဝင်ဆွေးနွေး နေကြပါတယ်”ဟု ဇီလန်းစကီးက Odessa မြို့၌ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category