ဟောလိဝုဒ်စတား Jean-Claude Van Damme က ရုရှားသို့ သွား၍ ငြိမ်းချမ်းရေးသံတမန် လုပ်ရန် အသင့်ရှိကြောင်း ပြောကြား
ဘယ်လ်ဂျီယန်ဖွား ဟောလိဝုဒ် သရုပ်ဆောင် Jean-Claude Van Damme က ရုရှားကို ငြိမ်းချမ်းရေးသံအမတ်အဖြစ် သွားရောက်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ယူကရိန်းသတင်းထေက် Diana Panchenko ၏ Telegram မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ပြောကြားထားပါသည်။
"ကျွန်တော်တို့ ရုရှားကိုလာချင်ပါတယ်၊ ရုရှားသမ္မတလိုချင်တဲ့ပုံစံနဲ့ ငြိမ်းချမ်းရေး သံအမတ်အဖြစ် လုပ်ဆောင်ဖို့ ကြိုးစားမှာပါ"ဟု ၎င်းက ပြောပါ သည်။ "ဒီတာဝန်ထမ်းဆောင်ရရင် ဂုဏ်ယူမိမှာပါ"ဟု Van Damme က ဖြည့်စွက်ပြောဆိုထားပါသည်။ “ရုရှားခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး၊ အားကစားနဲ့ ပျော်ရွှင်မှုအကြောင်းပဲ ဆွေးနွေးချင်တယ်”ဟု ၎င်းက ပြောကြား ထားပါသည်။
အဆိုပါဗီဒီယိုတွင် မီဒီယာအချို့က ယူကရိန်းစီးပွားရေးသမားနှင့် ယခင် လွှတ်တော်အမတ်ဖြစ်ခဲ့သူ Alexander Onishchenko ဟု ဖော်ပြသည့် လူတစ်ဦးလည်း ပါဝင်နေပါသည်။ Onishchenko သည် ၂၀၁၆ ခုနှစ်က အဂတိလိုက်စားမှုစွဲချက်များနှင့် ယူကရိန်းမှ ထွက်ပြေးခဲ့သူဖြစ်ပြီး ရုရှားဘက်မှ ရပ်တည်နေသူများနှင့် ဆက်နွယ်နေသူ တစ်ဦးဖြစ်ကြောင်း သိရပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃