အမေရိကန်နှင့် ကုန်သွယ်ရေးနှင့် လုံခြုံရေးကိစ္စကို ဆက်နွှယ်ပြီး ဆွေးနွေးရန် မသင့်ကြောင်း ဂျပန်ဝန်ကြီးချုပ် ပြောပြီ
ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba က အမေရိကန်နှင့် ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများကို ဆက်နွှယ်၍ ဆွေးနွေးရန် မသင့်တော်ဟု ထင်မြင်ယူဆမိကြောင်း ပြောကြားလိုက်ပါသည်။
“လုံခြုံရေးနှင့်ကုန်သွယ်ရေးကိစ္စများကို အတူတကွ ဆွေးနွေးရန် သင့်တော်မှု မရှိဟု ထင်ပါကြောင်း၊ ထိုအကောက်ခွန်ကိစ္စနှင့် ပတ်သက်ခြင်း မရှိဘဲ လုံခြုံရေးကိစ္စများကို ဆွေးနွေးဖြေရှင်းလိုပါကြောင်း” NHK ရုပ်သံ လိုင်းမေးမြန်းခန်းအစီအစဉ်တွင် ပြောကြားထားပါသည်။
ဒေါ်နယ်ထရမ့်က ဂျပန်အား ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် တောင်းဆိုလာနိုင်ပြီး ထိုအတွက် အကောက်ခွန်လျှော့ချခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း စသည်တို့ဖြင့် အလဲအလှယ် ပြုလုပ်လာနိုင်သည်ဟု ဂျပန် ဝန်ကြီးချုပ် ထုတ်ပြန်ချက်က ဖော်ပြထားပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဦးစားပေးမှုမှာ ကုန်သွယ်ရေး လိုငွေပြမှု (deficit) ကို လျှော့ချရန်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ဖြည့်စွက် ပြောကြားထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃