အမေရိကန်၊ နယူးဂျာစီ တောမီးလောင်မှုအခြေအနေ ထိန်းချုပ်နိုင်
အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်တောင်ပိုင်းတွင် အင်္ဂါနေ့ (ဧပြီလ ၂၂ ရက်) က ဧက ၈၅၀၀ ကျော် လောင်ကျွမ်းစေသည့် တောမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး မီးသတ်သမားများ၏ ကြိုးပမ်းငြှိမ်းသတ်မှုကြောင့်ဗုဒ္ဓဟူးနေ့ (ဧပြီလ ၂၃ ရက်) တွင် မီးဘေးအခြေအနေ ပြန်လည် ထိန်းချုပ်လာနိုင်ပြီ ဖြစ်သည်ဟု သိရပါသည်။
အိုးရှင်းကောင်တီ၊ Greenwood သစ်တော တောရိုင်းတိရစ္ဆာန် စီမံခန့်ခွဲမှု ဧရိယာ၌ အင်္ဂါနေ့ (ဧပြီလ ၂၂ ရက်) နံနက်ပိုင်းက တောမီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၁၀၀ ရာခိုင်နှုန်းထိ ထိန်းချုပ်နိုင်ခဲ့ပြီဟု နယူးဂျာစီ သစ်တောမီးသတ်ဌာနက ပြောကြားပါသည်။ မီးလောင်မှုဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါ သည်။
ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၃ ရက်) နံနက်ပိုင်းက အိုးရှင်းကောင်တီ နေထိုင်သူများအား မဖြစ်မနေ ရွှေ့ပြောင်းကြရန် ခေတ္တနယူးဂျာစီ ပြည်နယ်အုပ်ချုပ်ရေးမှူး တာဟီရှာဝေးက အရေးပေါ်အခြေအနေကြေညာခဲ့ပါသည်။ သို့သော် မီးဘေးထိန်းချုပ်မှု အခြေအနေကောင်းမွန်လာသည့်အတွက် အမိန့်ကို ပြန်လည် ပယ်ဖျက်လိုက်ကြောင်း သိရပါသည်။
မီးလောင်မှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း လာဆေး မြို့နယ်ရှိ စက်မှုပန်းခြံတစ်ခု၌ လုပ်ငန်းအများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါသည်။
ကိုးကား-NSS