ရန်ကုန်နှင့် မန္တလေးတွင် လေတိုက်ပြီးမိုးရွာသွန်းကာ သစ်ပင်လဲကျမှုများဖြစ်
ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် ဧပြီ ၂၉ ရက် နံနက်ပိုင်းနှင့် ဧပြီ ၂၈ ရက်ညပိုင်းတို့က လေတိုက်ပြီးမိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ လိပ်ကန်လမ်းနှင့် ကွက်သစ်လမ်းထောင့်တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက် ၆ နာရီခွဲခန့်က သစ်ပင် လဲကျကာလမ်းပိတ်နေသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဧပြီ ၂၈ ရက်ည ၉ နာရီ ၂၀ မိနစ်ခန့်ကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ မြို့ပတ်လမ်းတွင်သစ်ပင်လဲကျပြီး လမ်းပိတ်နေသဖြင့် ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
Source: Popular Myanmar
MM-News-Category