ရုရှား-မြောက်ကိုရီးယားနယ်စပ်ရှိ တူမာနာယာမြစ်ကူးတံတား တည်ဆောက်ရေး ဖွင့်ပွဲကျင်းပမည်
ရုရှားဝန်ကြီးချုပ် Mikhail Mishustin သည် မြောက်ကိုရီးယားနှင့် နယ်စပ်ချင်းထိစပ်နေသော ရုရှား၏ ပရီမိုရီးယေးဒေသ အတွင်းရှိ တူမာ နာယာမြစ်ကို ဖြတ်ကျော်မည့် လမ်းတံတားတစ်စင်းတည်ဆောက်မည့် အခမ်းအနားကို အွန်လိုင်းဗီဒီယိုမှတစ်ဆင့် ဧပြီ ၃၀ ရက်(ဗုဒ္ဓဟူးနေ့)တွင် ပြုလုပ်မည်ဖြစ်သည်ဟု ရုရှားအစိုးရက ကြေညာထားပါသည်။
ယင်းအခမ်းအနားသို့ မြောက်ကိုရီးယားဝန်ကြီးချုပ် Pak Thae Song တက်ရောက်မည်ဖြစ်ပါသည်။
အဆိုပါမြစ်ကူးတံတားတည်ဆောက်ရန် ရုရှားနှင့် မြောက်ကိုရီးယားတို့သည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပြီးထိုစာချုပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ပြုံယမ်းခရီးစဉ်အတွင်း အတည်ပြုခဲ့ခြင်းဖြစ်ပါသည်။ ထိုတံတားတည်ဆောက်ခြင်းမှာ ရုရှားနှင့် မြောက်ကိုရီးယားအကြား ဆက်ဆံရေးတွင် သိသာထင်ရှားသော သမိုင်း မှတ်တမ်းထူထောင်လိုက်ခြင်းဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ်က ဆိုထား ပါသည်။
ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး Roman Starovoit ပြောကြားချက် အရ ၈၅၀ မီတာရှည်လျားသော တံတား၏ ၃၀၀ မီတာကို ရုရှားဘက်မှ တာဝန်ယူဆောက်လုပ်မည်ဖြစ်ပြီး၊ ရုရှားဆောက်လုပ်ရေးလုပ်သားများက တံတားချဉ်းကပ်လမ်းအရှည် ၂.၄ ကီလိုမီတာ တည်ဆောက်မည်ဖြစ်သည်ဟု သိရပါသည်။ အဆိုပါမြစ်ကူးတံတားကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် နောက်ဆုံးထား အပြီးတည်ဆောက်မည်ဖြစ်ပါသည်။
ကိုးကား- TASS
Photo: The New York Times
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃