အများပြည်သူဆိုင်ရာ ရုပ်သံထုတ်လွှင့်ဌာနများအတွက် ဖက်ဒရယ်ရန်ပုံငွေကို အမေရိကန်သမ္မတ အဆုံးသတ်မည်

News Image

  • အများပြည်သူဆိုင်ရာ ရုပ်သံထုတ်လွှင့်ဌာနများအတွက် ဖက်ဒရယ်ရန်ပုံငွေကို အမေရိကန်သမ္မတ အဆုံးသတ်မည်

အမေရိကန်သမ္မတ Donald Trump က National Public Radio (NPR) နှင့် Public Broadcasting Service (PBS) တို့သည် ဘက်လိုက်သည် ဟု ဆိုကာ အဆိုပါဌာနများအတွက် ဗဟိုအစိုးရ၏ ရန်ပုံငွေထောက်ပံ့မှု အဆုံးသတ်ရေး သမ္မတ၏ အထူးအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ကြာသပတေးနေ့ (မေ ၁) တွင် လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါ သမ္မတ အမိန့်တွင် အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ကော်ပိုရေးရှင်းနှင့် ဗဟိုအစိုးရ ဌာနနှင့် အေဂျင်စီ အားလုံးအနေဖြင့် ၎င်းရုပ်သံလွှင့်ဌာနနှစ်ခုကို ရန်ပုံငွေ ပေးအပ်မှု ရပ်ဆိုင်းရန် ညွှန်ကြားထားပါသည်။

NPR နှင့် PBS သည် အခွန်ထမ်းဆောင်သူများ၏ ငွေကြေးများနှင့် ဘက်လိုက်မှုဝါဒနှင့် လက်ဝဲဝါဒဖြန့်မှုများကို လှုံ့ဆော်နေသည်ဟု အိမ်ဖြူတော်က စွပ်စွဲထားသည်။ ယင်းဌာနများသည် “ဒီမိုကရက်တစ် ပါတီနှင့် ယင်းပါတီ၏ နိုင်ငံရေးသဘောထားများအတွက် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီမှုများကို သိသိသာသာ ပြုလုပ်ခဲ့သည်” ဟု အိမ်ဖြူတော်က ဆိုပါသည်။

အိမ်ဖြူတော်က လိင်ပိုင်းဆိုင်ရာ မတူကွဲပြားမှုပြဿနာကို အသားပေး ဖော်ပြထားသည့် ကလေးသူငယ်ဆိုင်ရာ အစီအစဉ်များနှင့်ပတ်သက်၍လည်း ဝေဖန်ခဲ့ပါသည်။

PBS က ထိုသမ္မတ၏အထူးအမိန့်သည် “ဥပဒေနှင့်လုံးဝမကိုက်ညီ” ဟု ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအမိန့်သည် အမေရိကန်လူထု အတွက် ပညာပေးအစီအစဉ်များ ထုတ်လွှင့်ပြသနိုင်မှုစွမ်းရည်ကို ခြိမ်းခြောက် နေသည်ဟု အဆိုပါဌာနက ဆိုပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂