တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေး ကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး လွှဲပြောင်းပေးခဲ့

News Image

  • တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေး ကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး လွှဲပြောင်းပေးခဲ့

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် မေ ၂ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး အိုးယန်သောက်ပင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တို့က မေ ၃ ရက်တွင် လွှဲပြောင်းပေးအပ်မှု လုပ်ဆောင်ခဲ့သည်။

ယခုအသုတ် ကယ်ဆယ်ရေးပစ္စည်းများတွင် အသင့်တပ်ဆင်ရန်နေအိမ် အလုံးရေ ၃၄၀ ပါဝင်ကြောင်း သိရသည်။ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံ အင်အားပြင်း မန္တလေး ငလျင်ကြီးကြောင့် မေ ၂ ရက်အထိ သေဆုံးသူ ၃,၈၃၉ ဦး၊ ဒဏ်ရာရရှိသူ ၅,၁၀၅ ဦး၊ ပျောက်ဆုံးသူ ၁၀၁ ဦး ရှိကြောင်း‌ “The Global New Light of Myanmar” ၏ မေ ၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။ 

ကိုးကား- Xinhua

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂