အစေခံအား ခေတ်သစ်ကျွန်ပြုမှုကြောင့် ကုလသမဂ္ဂတရားသူကြီးကို ဗြိတိန်က ထောင်ဒဏ် ၆ နှစ် ၄ လ ချမှတ်

News Image

  • အစေခံအား ခေတ်သစ်ကျွန်ပြုမှုကြောင့် ကုလသမဂ္ဂတရားသူကြီးကို ဗြိတိန်က ထောင်ဒဏ် ၆ နှစ် ၄ လ ချမှတ်

ကုလသမဂ္ဂတရားသူကြီးတစ်ဦးဖြစ်သူ အသက် ၅၀ အရွယ် ယူဂန်ဒါ နိုင်ငံသူ Lydia Mugambe သည် ဗြိတိန် အောက်စဖို့ဒ်၌ ပါရဂူဘွဲ့သင်တန်းတက်နေစဉ် အိမ်ဖော်အစေခံ ယူဂန်ဒါအမျိုးသမီးငယ်တစ်ဦးကို ခေတ်သစ် ကျွန်ပြုစေခိုင်းအနိုင်ကျင့်မှုကြောင့် သူမအား ဗြိတိန် အောက်စဖို့ဒ် ခရောင်း တရားရုံးက မေလ ၂ရက်(သောကြာနေ့)တွင် ထောင်ဒဏ် ၆ နှစ် ၄ လ ချမှတ်လိုက်ပါသည်။

ဗြိတိသျှရဲတပ်ဖွဲ့ ဖော်ထုတ်ချက်အရ Lydia Mugambe သည် သူမ၏ အောက်စဖို့ဒ်ရှိအိမ်တွင် အိမ်ဖော်ယူဂန်ဒါအမျိုးသမီးငယ်တစ်ဦးအား လစာ မပေးဘဲ ၁၈ နာရီနီးပါး အလုပ်စေခိုင်းခြင်း၊ အိမ်သာထဲတွင် အိပ်စေခြင်း၊ ခရီးသွားလိုက်ပါခွင့်မပြုခြင်း၊ မိသားစုနှင့်ဆက်သွယ်ခွင့်မပြုခြင်း စသည် တို့ကို ကျူးလွန်ခဲ့ပါသည်။

အောက်စဖို့ဒ်ခရောင်းတရားရုံးတရားသူကြီး David Foxton က “လူ့ဂုဏ်သိက္ခာကို အလွန်အမင်းချိုးနှိမ်သည့် ရက်စက်ကြမ်းကြုတ်သော ပြုမူချက်” ဟု သတ်မှတ်ပြီး ကုလသမဂ္ဂတရားသူကြီး Mugambe ကို ထောင်ဒဏ် ၆ နှစ် ၄ လ ချမှတ်လိုက်ခြင်းဖြစ်ပါသည်။

ထို့ပြင် Mugambe သည် UN သံတမန်အခွင့်အရေးကို ကိုယ်ကျိုးအတွက် အသုံးချကာ အိမ်အစေခံအတွက် ဗီဇာလိမ်လည် လျှောက်ထားရယူခဲ့သည် ဟု သိရပါသည်။

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃