ဝေလနိုင်ငံ၏ အကြီးဆုံးသဘာဝရေကန် ဘာလာရေကန်တွင် အန္တရာယ်ရှိသော ရေညှိများကြောင့် သတိပေးချက်ထုတ်ပြန်

News Image

  • ဝေလနိုင်ငံ၏ အကြီးဆုံးသဘာဝရေကန် ဘာလာရေကန်တွင် အန္တရာယ်ရှိသော ရေညှိများကြောင့် သတိပေးချက်ထုတ်ပြန်

ကာဒစ်    မေ ၅

ဝေလနိုင်ငံ၏ အကြီးဆုံးသဘာဝရေကန် ဘာလာရေကန်တွင် အန္တရာယ်ရှိသော ရေညှိများကြောင့် ဂွိုင်နက်ကောင်တီအာဏာပိုင်များက ရေညှိသတိပေးချက် ထုတ်ပြန်ထားကြောင်း ယနေ့သတင်းများအရ သိရသည်။

အာရစ် အမျိုးသားဥယျာဉ်အတွင်းရှိ ဂွိုင်နက်ကောင်တီရှိ ဘာလာရေကန်၏ အစိတ်အပိုင်းများတွင် အန္တရာယ်ရှိသော ရေညှိများတွေ့ရှိပြီးနောက် ရေကန်သို့ လည်ပတ်သည့်အခါ အထူးသတိထားရန် သတိပေးချက်ထုတ်ပြန်ထားပြီး ရေကန်အတွင်းမှ ရေညှိများနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန် အာဏာပိုင်များက ပြည်သူများကို သတိပေးထားကြောင်း သိရသည်။

အဆိုပါ ရေကန်အတွင်းမှ ရေညှိများသည် တိရစ္ဆာန်များအတွက် အလွန်အန္တရာယ်များနိုင်ပြီး ၎င်းရေကန်မှတစ်ဆင့် အနီးရှိရေကန်များ၊ စမ်းချောင်းများအတွင်း စီးဆင်းပါက ပို၍ အန္တရာယ်များကြောင်း၊ အဆိုပါ ရေညှိများနှင့် တိုက်ရိုက်ထိတွေ့မိပါက အရေပြားနီမြန်းခြင်း၊ ပျို့အန်ခြင်း၊ မျက်စိယားယံခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ကြွက်သားများ သို့မဟုတ် အဆစ်အမြစ်နာကျင်ခြင်းများကို ဖြစ်စေနိုင်ကြောင်း ဆေးဝါးကျွမ်းကျင် ပညာရှင်များက ပြောကြားထားကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ