ထရမ့်အစိုးရအဖွဲ့က NASA ၏ ဘတ်ဂျက် ၂၅ % နီးပါး လျှော့ချလို

News Image

  • ထရမ့်အစိုးရအဖွဲ့က NASA ၏ ဘတ်ဂျက် ၂၅ % နီးပါး လျှော့ချလို

အမေရိကန်အစိုးရသည် NASA ရန်ပုံငွေကို လာမည့် ဘဏ္ဍာနှစ်တွင် လေးပုံတစ်ပုံနီးပါးဖြတ်တောက်ရန် ဆန္ဒရှိနေပါသည်။ အိမ်ဖြူတော်က ထုတ်ပြန်သည့် ဘဏ္ဍာနှစ်အဆိုပြုချက်အရ လက်ရှိနှစ်တွင် အမေရိကန် အစိုးရက NASA အတွက် ဒေါ်လာ ၂၄.၈ ဘီလီယံ ခွဲဝေချထားပေးသော်လည်း လာမည့်နှစ်အတွက် ဒေါ်လာ ၁၈.၈ ဘီလီယံသာ ခွဲဝေချထား ပေးလိုကြောင်း သိရပါသည်။ ၎င်းမှာ စုစုပေါင်းဘတ်ဂျက်၏ ၂၄ % ကို လျှော့ချလိုက်ခြင်းပင် ဖြစ်ပါသည်။

ထိုသို့ ဘတ်ဂျက်လျှော့ချလိုက်ပါက နိုင်ငံတကာ အာကာသစခန်း အပါအဝင် NASA ၏ လုပ်ဆောင်ချက်အားလုံးနီးပါး ထိခိုက်မည်ဖြစ်ပါသည်။ ထိုဖြတ်တောက်မှုထဲတွင် အာကာသယာဉ်ခရီးစဉ်အဖွဲ့နှင့် မသက်ဆိုင်သည့် အချို့သော သုတေသနအစီအစဉ်များလည်း ပါဝင်သွားပါသည်။ ၎င်းတို့ထဲတွင် အင်္ဂါဂြိုဟ်ကျောက်တုံးနမူနာများကို စုဆောင်းပြီး ကမ္ဘာမြေသို့ ယူဆောင်လာမည့် စီမံကိန်းလည်း ပါဝင်သွားပါသည်။

တရုတ်နိုင်ငံ မတိုင်မီ လပေါ်သို့ အမေရိကန်က ပြန်လည်သွားရောက်ရန် ကြိုးပမ်းနေပြီး အင်္ဂါဂြိုဟ်သို့ လူသားများ စေလွှတ်လိုကြောင်း အိမ်ဖြူတော် က ပြောကြားထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃