ဆန်အမျိုးအစားသစ် (၂) မျိုးကို အိန္ဒိယ မိတ်ဆက်
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် ဆန်အမျိုးအစားသစ် (၂) မျိုးကို စတင်မိတ်ဆက်နိုင်ခဲ့သည့် ပထမဦးဆုံးသောနိုင်ငံဖြစ်လာပါသည်။ အိန္ဒိယ နိုင်ငံ၊ စိုက်ပျိုးရေးသုတေသနကောင်စီ (ICAR) မှ ထုတ်လုပ်ခဲ့သည့် ဆန်အမျိုးအစားသစ် (၂) မျိုးကို စိုက်ပျိုးရေးဝန်ကြီး Shivraj Singh က မိတ်ဆက်ခဲ့ပါသည်။ ထို့နောက် ဝန်ကြီးက “ဖော်ပြပါ ဆန်အမျိုးအစား များကို ထုတ်လုပ်ခဲ့သည့် စိုက်ပျိုးရေးပညာရှင်များအား ဂုဏ်ပြုကြောင်း နှင့် အိန္ဒိယနိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များ၏ စွမ်းရည်ကို ယုံကြည်ပါ ကြောင်း ပြောကြားခဲ့ပါသည်။
ပထမဆန်အမျိုးအစား၏အမည်မှာ DRR ဖြစ်ပြီး ယင်းမှာ မူလဆန် အမျိုးအစား Samba Mahsuri မှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ ၁၅ ရက် မှ ၂၀ ရက် အတွင်း စပါးရင့်မှည့်ပါသည်။ ဒုတိယအမျိုးအစားမှာ Pusa DST အမျိုးအစားဖြစ်ပြီး အငံဓာတ်ကို ခံနိုင်ရည်ရှိ၍ အငံဓာတ်ပေါများ သော နေရာဒေသတွင်အထွက်နှုန်း ၃၀ ရာခိုင်နှုန်းပိုမိုထွက်ရှိနိုင်ပါသည်။
ဖော်ပြပါ ဆန်အမျိုးအစားများကို သတ်မှတ်လျာထားသည့် လယ်ဧက ၅ သန်းတွင် စိုက်ပျိုးသွားမည်ဖြစ်ပြီး ခန့်မှန်းခြေ စပါးတန်ချိန်ပေါင်း ၄.၅ သန်း ပိုမိုရရှိလိမ့်မည်ဟု မျှော်မှန်းထားပါသည်။
ဖော်ပြပါ ဆန်အမျိုးအစားများသည် ထုတ်လုပ်မှုစရိတ်ကို သက်သာစေပြီး စပါးအထွက်နှုန်းကို ပိုမိုတိုးမြှင့်စေကြောင်း သတင်းရရှိပါသည်။
ကိုးကား- India News
Photo: The Morung Express
ဘာသာပြန်ဆိုသူ- ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃