အိန္ဒိယက ဆင်ဒူး စစ်ဆင်ရေး (Operation Sindoor) ဖြင့် အကြမ်းဖက်စခန်းများကို စတင်တိုက်ခိုက်

News Image

  • အိန္ဒိယက ဆင်ဒူး စစ်ဆင်ရေး (Operation Sindoor) ဖြင့် အကြမ်းဖက်စခန်းများကို စတင်တိုက်ခိုက်

မေလ ၇ ရက်နေ့ နံနက် ၁ နာရီ ၄၄ မိနစ်မှာ အိန္ဒိယနိုင်ငံအတွင်းရှိ အကြမ်းဖက်စခန်း ၅ ခုနှင့် ပါကစ္စတန်မြေပေါ်ရှိ အကြမ်းဖက်စခန်း ၄ ခု တို့ကို လေကြောင်းတိုက်ခိုက်မှု စတင်ပြုလုပ်ခဲ့ပါသည်။ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ တိုက်ခိုက်မှုများအားလုံး ထိရောက်မှုရှိကြောင်း သိရှိရပါသည်။ 

ဧပြီလ ၂၂ ရက်နေ့တွင် ကက်ရှ်မီးယား၌ အရပ်သား ၂၆ ဦး သေဆုံးသွားသည့် အကြမ်းဖက်မှုကိုကျူးလွန်သည့် လက်ရှ်ကာအီတိုင်ဘာအဖွဲ့၏ ဌာနချုပ်နှင့် ဂျေးရှ်အီမိုဟာမတ် ဌာနချုပ်ကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုပါသည်။ အဆိုပါတိုက်ခိုက်မှုကိုဆောင်ရွက်ရန် အိန္ဒိယ ကြည်း ၊ ရေ ၊ လေတပ်ပေါင်းစုနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အိန္ဒိယ-ပါကစ္စတန် စစ်ပွဲကို ကမ္ဘာ့မည်သည်နိုင်ငံကမျှ ရပ်တန့်ရန် စွမ်းဆောင်နိုင်ခြင်း မရှိမှုအပေါ် မေးခွန်းထုတ်နေသည်။ 

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်က ၎င်း၏ X မီဒီယာ အကောင့်တွင် “မိမိတို့ ပါကစ္စတန်သားများက ရန်သူများကို မည်သို့တိုက်ခိုက်ရမည်ဆိုသည်ကို သိပြီးသားပါ။ ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်သွားမှာပါ” ဟု ရေးသားထားပါသည်။ ပါကစ္စတန်စစ်တပ်ကလည်း “ပြောစရာစကား မရှိပါ။ အဖြေလည်းထုတ်တော့မည်မဟုတ်ပါ။ မိမိတို့ ရွေးချယ်ထားသည့် အချိန်နှင့် နေရာတွင် တုံ့ပြန်မှုများကို စတင်လုပ်ဆောင်မည်ဖြစ်ပါသည်။ အိန္ဒိယကပေးသည့် ဝမ်းနည်းမှုများကို ယာယီသိမ်းဆည်းထားမှာပါ” ဟု ထုတ်ပြန်ထားပါသည်။ 

အိန္ဒိယစစ်တပ်က “ထိုက်တန်သည့် တရားမျှတမှု” တစ်ခုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားပါသည်။ “ပါဟယ်ဂမ် အကြမ်းဖက်တိုက်ခိုက်မှုအတွက် မိမိတို့ပြန်လည် လက်တုံ့ပြန်နိုင်ပါပြီ။ ထို့အတွက် တာဝန်ယူမှုများကိုလုပ်ထားပါသည်” ဟုလည်း ဆိုပါသည်။

ကိုးကား-Myanmar National Post