တရုတ်နှင့် အီဂျစ်အကြား ပထမဆုံးအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်
တရုတ်နိုင်ငံသည် အီဂျစ်နိုင်ငံနှင့် ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပြီး အီဂျစ်ပိရမစ်များအနီးတစ်ဝိုက်တွင် တရုတ် တိုက်လေယာဉ်များက ပျံသန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါသည်။
ထို့အပြင် အီဂျစ်နှင့် ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း၌ အမေရိကန်၏မဟာဗျူဟာမြောက် ဩဇာလွှမ်းမိုးမှုကိုလျှော့ချရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟုလည်း သိရသည်။ တရုတ်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များ ဆာဟာရသဲကန္တာရ အပေါ်ဘက်တွင် ပျံသန်းနေသည့် ဗီဒီယိုဖိုင်တစ်ခုကို တရုတ်စစ်တပ်က ထုတ်ပြန်ခဲ့ပြီး အီဂျစ်နှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာဆက်ဆံရေး ပိုမိုနက်ရှိုင်းလာခြင်းကို ပြသသည့် အချက်ပြမှုတစ်ခုဖြစ်သည်ဟု တရုတ်စစ်တပ်က ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံနှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပွားခဲ့ပြီးနောက် တရုတ်နှင့် အီဂျစ်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ တရုတ်စစ်တပ်က “မိမိတို့နှင့် အီဂျစ်တို့ကြား ပထမဆုံးပူးတွဲ စစ်ရေးလေ့ကျင့်မှုက နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာဆက်ဆံရေးများ ပိုမိုနက်ရှိုင်းလာသည်ကို ပြသနေခြင်းမျိုးဖြစ်ပါသည်” ဟု ပြောဆိုခဲ့ပါသည်။
ကိုးကား-NP News