လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံ ၅ နိုင်ငံအပေါ် ဗီဇာ ကင်းလွတ် ခွင့်မူဝါဒ ကျင့်သုံးမည်ဟု တရုတ်သမ္မတက ပြောကြား
တရုတ်နိုင်ငံက လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံ ၅ နိုင်ငံပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ ကျင့်သုံးရန် ဆုံးဖြတ်ထားကြောင်း၊ ထို့ပြင် အဆိုပါ မူဝါဒလွှမ်းခြုံသော ဒေသတွင်းနိုင်ငံ အတိုင်းအတာကို အလျဉ်းသင့်သလို တိုးချဲ့သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ရှီကျင့်ဖျင် က ပေကျင်းမြို့၌ ကျင်းပသော တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဓိကမိန့်ခွန်း ပြောကြားစဉ်တွင် အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
MM-News-Category