အီရန်က အမေရိကန်ရင်းနှီးမြှုပ်နှံမှုဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများ ယူရေနီယမ် စွမ်းအင်မြှင့်တင်ခြင်းအတွက် အကျိုးတူပူးပေါင်းအဖွဲ့ ဖွဲ့ရန် အဆိုပြု

News Image

  • အီရန်က အမေရိကန်ရင်းနှီးမြှုပ်နှံမှုဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများ ယူရေနီယမ် စွမ်းအင်မြှင့်တင်ခြင်းအတွက် အကျိုးတူပူးပေါင်းအဖွဲ့ ဖွဲ့ရန် အဆိုပြု

အီရန်နိုင်ငံသည် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံ များ ပူးပေါင်းဆောင်ရွက်မည့် ယူရေနီယမ် စွမ်းအင်မြှင့်တင်ခြင်း လုပ်ငန်းစဉ်အတွက် အကျိုးတူပူးပေါင်းအဖွဲ့ ဖွဲ့ရန် အဆိုပြုခဲ့ကြောင်း The New York Times သတင်းစာအရ သိရပါသည်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က မေ ၁၁ ရက် (တနင်္ဂနွေနေ့) က အိုမန်နိုင်ငံတွင် အမေရိကန်အထူးကိုယ်စားလှယ် ကိုယ်စားလှယ် စတီဗင် ဝစ်ကော့ဖ်ထံ ထိုအစီအစဉ်ကို အဆိုပြုခဲ့သည်ဟု သတင်းစာက ဖော်ပြသည်။ ယင်းအစီအစဉ်မှာ အစ္စလာမစ်သမ္မတ နိုင်ငံ အနေဖြင့်  ၎င်း၏နျူကလီးယားအစီအစဉ်အား အပြည့်အဝစွန့်လွှတ်ရန် အမေရိကန်၏ တောင်းဆိုချက်အတွက် အစားထိုးနည်းလမ်းတစ်ခုအဖြစ် ရှုမြင်ရပါသည်။ ထိုအကျိုးတူပူးပေါင်းရေးအဖွဲ့တွင် ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ကို ပါဝင်နိုင်သည့် နိုင်ငံများအဖြစ် ဖော်ပြထားပါသည်။ 

အီရန်၏ အဆိုပြုချက်တွင် နိုင်ငံသုံးနိုင်ငံပါဝင်သော နျူကလီးယား ပူးပေါင်းအဖွဲ့တစ်ခု ထူထောင်ရန် ပါဝင်ပြီး အီရန်က ယူရေနီယမ်ကို ၃.၆၇% အထိ ချဲ့ထွင်ကာ အခြားအာရပ်နိုင်ငံများသို့ အရပ်ဘက် ရည်ရွယ်ချက်များအတွက် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ ထို့အပြင် အမေရိကန် အပါအဝင် အခြားနိုင်ငံများမှ လေ့လာသူများကို အီရန်၏ နျူကလီးယားစက်ရုံများတွင် ထားရှိနေစေရန် အဆိုပြုထားပါသည်။ ယင်းနေ့တွင် အီရန်နှင့် အမေရိကန်တို့သည် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် အခြေအနေများ ဖြေရှင်းရန် စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြပါသည်။ 

ကိုးကား - TASS

Photo: Apa.az

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃