ကျောက်ဆည်မြို့တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးဘေးသင့်ခဲ့သည့် မိသားစုအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီရုံး)၌ ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့၊ ၁ နာရီ ၅၀ အချိန်က လျှပ်စစ်ဝါယာရှော့ဖြစ်ကာ ရေခဲသေတ္တာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့သော အိမ်ထောင်စု(၁)စုအား ယမန်နေ့ မွန်းလွဲ(၄)နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် မီးဘေးသင့်ခဲ့သည့် မိသားစု(၁)စု၏ လုံးဝပျက်စီးသွားသည့် အလျား (၂၇)ပေ၊ အနံ(၂၇)ပေ၊ အမြင့် (၂၄)ပေ သွပ်မိုးအုပ်ညှပ်နှစ်ထပ် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၂)သိန်း၊ စုစုပေါင်းလူဦးရေ(၆)ဦးအနက် (၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၁၀၀၀၀)ကျပ်၊ သေဆုံးသူ (၄) ဦးအတွက် ထောက်ပံ့ငွေ(၁,၂၀၀,၀၀၀)ကျပ်နှင့် တန်ဖိုးငွေ(၉၁,၁၇၈)ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ပါ အိမ်ထောင်စု(၁)စုစာ စုစုပေါင်း ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့မှုတန်ဖိုး ငွေ(၁,၅၀၁,၁၇၈) အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေးပို့သူ- အောင်ပိုင်ပိုင်ကျော်(ပြန်/ဆက်)