ကျောက်ဆည်မြို့၌ မြို့သန့်ရှင်းသာယာလှပရေး မြို့ဝင်/ မြို့ထွက် နေရာများနှင့် မြို့တွင်းလမ်းမကြီးအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

News Image

  • ကျောက်ဆည်မြို့၌ မြို့သန့်ရှင်းသာယာလှပရေး မြို့ဝင်/ မြို့ထွက် နေရာများနှင့် မြို့တွင်းလမ်းမကြီးအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည်၊ မေ - ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မေလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက မြို့ သန့်ရှင်းသာယာ/လှပစေရေး ရန်ကုန်-မန္တလေးလမ်း မြို့ဝင်/မြို့ထွက်နေရာများနှင့် မြို့လယ်လမ်းမကြီး နေရာများရှိ ရွှေစေတီဘိုးဘွားရိပ်သာ၊ ကြက်မင်းတွန်မီးပွိုင့်၊ မြဝတီဘဏ်ရှေ့၊ ကမ္ဘောဇဘဏ်ရှေ့၊ ရွှေရတီ မီးပွိုင့်နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ကျောက်ဆည် တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ‌မြို့ဝင်မြို့ထွက်နေရာမှစတင်ကာ ရန်ကုန်-မန္တလေးကားလမ်းမကြီး တစ်လျှောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ရေယာဉ်(၂)စီးဖြင့် လမ်းမကြီးတစ်လျှောက် ရေပက်ဖြန်းခြင်းများ၊ တံမြက်စည်း လှဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပေးပို့သူ - သက်မောင်(ကျောက်ဆည်)