ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးသွားကားလမ်းမကြီးပေါ်ရှိ ပေ ၈၀ သံကူကွန် ကရစ်တံတား အမှတ်(၃/၁၇) အား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

News Image

  • ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးသွားကားလမ်းမကြီးပေါ်ရှိ ပေ ၈၀ သံကူကွန် ကရစ်တံတား အမှတ်(၃/၁၇) အား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်    မေ    ၂၆

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်ဒေသအတွင်းလမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရေး၊ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စိတ်အေး ချမ်းသာစွာ ခရီးသွားလာနေမှု များကိုမလိုလား၍ လမ်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲခြင်းနှင့် အကြမ်းဖက် လုပ်ရပ်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင် လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ KNLA အဖွဲ့ နှင့် PDF အမည်ခံအကြမ်းဖက်သမား များက ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊  တညင်ပင်ကျေးရွာ၏ အနောက် ဘက် မီတာ ၃၀၀ ခန့်အကွာ ဘီးလင်း-နတ်ကြီးသွား  ကားလမ်းမကြီး ပေါ်ရှိ မိုင်တိုင် အမှတ်၊ ၁၆/၂ နှင့် ၃ အကြား  အရှည် ၈၀ပေ၊ အကျယ် ၂၄ ပေရှိ သံကူ  ကွန်ကရစ်အမျိုး အစား  တံတားအမှတ် (၃/၁၇)အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ ကြသည်။  မိုင်းပေါက်ကွဲမှုဒဏ်ကြောင့် အဆိုပါသံကူကွန်ကရစ်တံတားမှာ တောင်ဘက်ကမ်း ကပ်ခုံမှ ပြိုကျပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်းနှင့် ပျက်စီးသွားသည့်တံတား အား တာဝန်ရှိသူများက ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါမိုင်းထောင်ဖောက်ခွဲမှုကြောင့် မော်တော်ယာဉ်များ၊   ဆေးရုံကားများ၊ ကျောင်း ကားများ၊ ဈေးကားများ သွားလာ နိုင်မှုမရှိသဖြင့် ပြည်သူလူထုမှ ၎င်းတို့၏ လုပ်ရပ်အပေါ် လွန်စွာရွံမုန်းလျက်ရှိကြောင်းသိရှိရပြီး မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ သည့် အကြမ်း ဖက်သမားများကို လိုအပ်သည့်တုံ့ပြန်မှုများ ပြုလုပ်နိုင်ရေးနှင့် နယ်မြေ ဒေသတည် ငြိမ်အေးချမ်းရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ် များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။

Source: Myawady Webportal