နီပေါနိုင်ငံမှ ဧဝရတ်တောင်တက်သမားက ဧဝရတ်တောင်ပေါ် ၃၁ ကြိမ်တက်ပြီး ကိုယ့်စံချိန်ကိုယ်ချိုး
နီပေါနိုင်ငံမှ ဧဝရတ်တောင်တက်သမား တစ်ဦးက အဆိုပါ ကမ္ဘာ့အမြင့်ဆုံးတောင်ပေါ်သို့ ၃၁ ကြိမ်မြောက် တက်ရောက်ခြင်းဖြင့် ကိုယ့်စံချိန်ကိုယ် ချိုးလိုက်နိုင်ကြောင်း သိရသည်။
ကာမီရီတာအမည်ရှိ ထိုတောင်တက်သမားသည် မေလ ၂၇ ရက်တွင် ဧဝရတ် တောင်ပေါ်သို့ ၃၁ ကြိမ်မြောက်အဖြစ် တက်ရောက်နိုင်ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ၁၉၉၄ ခုနှစ်တွင် ဧဝရတ်တောင်ထိပ်သို့ ပထမဆုံး တက်ရောက်နိုင်ပြီးနောက် နှစ်ပေါင်း ၃၀ အကြာတွင် ယခုကဲ့သို့စံချိန်အသစ်ကို တင်နိုင်ခြင်းဖြစ်သည်။
ကာမီရီတာကဲ့သို့ တောင်တက်သမားသည် နီပေါနိုင်ငံအတွက် တောင်တက်သူရဲကောင်း တစ်ဦးဖြစ်သည်သာမက ကမ္ဘာပေါ်မှာပါ နှစ်ယောက် မရှိနိုင်သည့် တောင်တက်သမားအဖြစ် စံချိန်တင်လိုက်နိုင်ခြင်း ဖြစ်ကြောင်း ဧဝရတ်တောင်တက် အဖွဲ့က ထုတ်ပြန်ထားသည်။ ကာမီရီတာသည် အိန္ဒိယတပ်မတော်မှ တောင်တက် အဖွဲ့ကို ဦးဆောင်၍ ဧဝရတ်တောင်ပေါ် သို့ တက်နိုင်ခဲ့ခြင်းဖြစ်သည်။
Source: Myawady Web Portal