လီဗာပူး ပရိသတ်များကို ကားဖြင့် ဝင်တိုက်သည့် ဖြစ်စဉ်သည် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေခြင်းမဟုတ်ဟု ရဲတပ်ဖွဲ့ဆို

News Image

  • လီဗာပူး ပရိသတ်များကို ကားဖြင့် ဝင်တိုက်သည့် ဖြစ်စဉ်သည် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေခြင်းမဟုတ်ဟု ရဲတပ်ဖွဲ့ဆို

မေလ ၂၆ (တနင်္လာနေ့) က အောင်ပွဲခံ လီဗာပူးအသင်းအား စောင့်ကြည့်အားပေးနေသည့် လူအုပ်ကြီးထဲသို့ ကားဖြင့် ဝင်တိုက်ခဲ့ခြင်းကြောင့် လူ ၄၇ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မာဆေးဆိုဒ် ရဲတပ်ဖွဲ့က ဖြစ်စဉ်သည် အကြမ်းဖက်အဖွဲ့အစည်းများ၏ လက်ချက်မဟုတ်ကြောင်း ရှင်းလင်းသွားပါသည်။ 

လီဗာပူးအသင်း ပရီမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ခြင်းကြောင့် ပရိသတ်များက အောင်ပွဲခံသည့်အနေဖြင့် မြို့လယ်ရှိ ဝါးတားလမ်းတစ်လျှောက် ၌ ချီတက်ခဲ့ကြပါသည်။ အသက် ၅၃ နှစ်အရွယ် လူဖြူတစ်ယောက်က အဆိုပါလူအုပ်ကြီးထဲသို့ ကားဖြင့်အရှိန်ပြင်းစွာ ဖြတ်မောင်းသွားခဲ့ခြင်းကြောင့်လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါသည်။ ကားသမားက လူအုပ်ကြီးကို တိုက်ပြီးထွက်ပြေးသွားသော်လည်း ရဲများက အချိန်မီဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်၌ ကောလာဟလမျိုးစုံ ထွက်ပေါ်နေရာ ရဲတပ်ဖွဲ့ ယာယီလက်ထောက်အကြီးအကဲ ဂျန်နီဆင်မ် က “လူတွေက ဆိုရှယ်မီဒီယာတွေမှာ သတင်းမှားတွေ မတင်ရန်၊ ထင်ကြေးတွေ မရေးကြရန် ၊ နောက်ပြီး အဆိုပါသတင်းကို ထပ်မံပြန့်မ သွားအောင် မဖြန့်ဝေကြဖို့ပဲ အရေးကြီးပါတယ်” ဟု ပြောသွားပါသည်။ “ဒါဟာ သီးခြားဖြစ်ရပ်တစ်ခု ဟု ကျွန်တော်တို့ ယုံကြည်ပါတယ်၊ ပြီးတော့ အဲဒါနှင့်ပတ်သက်ပြီး တခြားဘယ်သူကိုမှ လောလောဆယ် ရှာမတွေ့ သေးပါဘူး။ ထိုအဖြစ်အပျက်ကို အကြမ်းဖက်ဝါဒအဖြစ် မမှတ်ယူပါ” ဟုလည်း ပြောသွားပါသည်။

ကိုးကား- MNP