ပုံမှန်နိုးထချိန်ထက် စောစောနိုးထနေမှုက သိုင်းရွိုက်အကျိတ်များ လှုပ်ရှားတုံ့ပြန်မှုလွန်ကဲခြင်းပြဿနာ၏ ရှေ့ပြေးလက္ခဏာဖြစ်နိုင်

News Image

  • ပုံမှန်နိုးထချိန်ထက် စောစောနိုးထနေမှုက သိုင်းရွိုက်အကျိတ်များ လှုပ်ရှားတုံ့ပြန်မှုလွန်ကဲခြင်းပြဿနာ၏ ရှေ့ပြေးလက္ခဏာဖြစ်နိုင်

လန်ဒန်   မေ ၂၈

ပုံမှန် နိုးထချိန်ထက် စောစောစီးစီးနိုးထနေမှုသည် သိုင်းရွိုက်အကျိတ်များ လှုပ်ရှားတုံ့ပြန်မှုလွန်ကဲခြင်းပြဿနာ (Hyperthyroidism) ၏ ရှေ့ပြေးလက္ခဏာဖြစ်နိုင်ကြောင်း မေ ၂၇ ရက် သတင်းများအရ သိရသည်။

သွိုင်းရွိုက်အကျိတ်များ လှုပ်ရှားတုံ့ပြန်မှုလွန်ကဲပါက နံနက်စောစောအချိန်များတွင် အာရုံနာ့ဗ်ဆဲလ်များကို စေ့ဆော်ပေးတတ်သည့် ဟော်မုန်းများထွက်ပေါ်မှု လွန်ကဲလာတတ်သည်။

သို့ဖြစ်ရာ နံနက်ပိုင်းပုံမှန်ထက်စော၍ နိုးကြားနေတတ်မှုသည် Hyperthyroidism ပြဿနာ၏ ရှေ့ပြေးလက္ခဏာဖြစ်နိုင်ကြောင်း ဗြိတိန်သုတေသနပညာရှင်များက ပြောကြားသည်။

Hyperthyroidism ပြဿနာကြောင့် ဆံပင်များပါးလာခြင်း၊ မျက်သားခြောက်ခြင်း၊ လည်ပင်းရောင်ရမ်းခြင်း၊ စိုးရိမ်သောကဝင်ရောက်ခြင်း စသည့် ကျန်းမာရေးပြဿနာများဖြင့် ရင်ဆိုင်ရတတ်ကြောင်း သိရသည်။

Hyperthyroidism ပြဿနာသည် အဖြစ်များသော်လည်း လူအများအပြားကမူ ရောဂါလက္ခဏာများကို သတိမပြုမိကြကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

Hyperthyroidism ရောဂါကြောင့် နှလုံးခုန်နှုန်း မူမမှန်မှုပြဿနာပေါ်ထွက်လာနိုင်ပြီး နောက်ဆက်တွဲအဖြစ် နှလုံးခုန် ရုတ်တရက်ရပ်တန့်မှု ဖြစ်ပွားနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

Source: ရတနာပုံသတင်းစာ