ဥရောပဒေသငြိမ်းချမ်းရေးအတွက် အခြေခံအချက်ကို ရုရှားသမ္မတထုတ်ပြန်

News Image

  • ဥရောပဒေသငြိမ်းချမ်းရေးအတွက် အခြေခံအချက်ကို ရုရှားသမ္မတထုတ်ပြန်

ဥရောပဒေသငြိမ်းချမ်းရေးအတွက် အခြေခံအချက်ကို ရုရှားသမ္မတ ဗလာ ဒီမာပူတင်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ဥရောပတိုက်အနေဖြင့် နိုင်ငံ တစ်ခုတည်း၏ အကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်းမရှိဘဲ နိုင်ငံများအားလုံးကို ကာကွယ်နိုင်ရေး သေချာစေမည့် လုံခြုံ ရေးမူဘောင်တစ်ခုကို ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ပါက ဥရောပ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုရရှိစေ မည်ဖြစ်ကြောင်း ပူတင်ကပြောထားခြင်း ဖြစ်သည်။

အနောက်နိုင်ငံများအနေဖြင့် အဆိုပါ အခြေခံသဘောတရားကိုချိုးဖောက်ကာ ၁၉၉၀ ပြည့်နှစ်အလွန်ကာလများတွင် NATO တပ်ဖွဲ့ကိုအရှေ့ဘက်သို့ချဲ့ထွင်မှုများလုပ်ဆောင်လာခြင်းကြောင့် ၎င်းတို့အနေဖြင့် ဂျာမနီနိုင်ငံ၏ပြန်လည်ပေါင်းစည်းရေးအတွက် ဆိုဗီယက်ပြည်ထောင်စု၏ ထောက်ခံမှုကိုရရှိရန် ပေးခဲ့သော အာမခံချက်ကိုချိုးဖောက်နေကြောင်း ပူတင်က မေလ ၂၈ ရက်တွင် ပြောထားခြင်းဖြစ်သည်။

Ref: RT

Photo -CNN