ဂျပန်အင်ပါယာကိုအောင်နိုင်မှုအခမ်းအနားတက်ရန် ပူတင်က တရုတ်သို့သွားမည်
မော်စကို၊ ဆက်ဆံရေး
ဒုတိယကမ္ဘာစစ်ကာလအတွင်း တရုတ်နိုင်ငံက ဂျပန်အင်ပါယာကိုအောင်နိုင်မှု နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားများသို့တက်ရန် ရုရှားသမ္မတဗလာဒီမာ ပူတင်က တရုတ်နိုင်ငံသို့သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို စက်တင်ဘာ လ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပူတင်အနေဖြင့် ထိုအခမ်းအနားသို့တက်မည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီရွှိုင်ဂူကပြောထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် အာရှဒေသအတွင်းဂျပန်အင်ပါယာတို့လက်နက်ချပြီး ဒုတိယကမ္ဘာစစ်ကြီးတစ်ခုလုံးအဆုံးသတ်သွားရသည့် အထိမ်းအမှတ်အနေဖြင့် စက်တင် ဘာလ ၃ ရက်ရောက်တိုင်း အောင်နိုင်ပွဲ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ် ကျင်းပလေ့ရှိကြောင်း သိရသည်။
Ref: RT
MM-News-Category