မြစ်ကြီးနား အနိမ့်ပိုင်းရပ်ကွက်များ ဧရာဝတီမြစ်ရေရေဝင်ရောက်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေ
ကချင်ပြည်နယ် အထက်ပိုင်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းနေသောကြောင့် မြစ်ကြီးနားမြို့အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ် ရေစတင်ဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ယမန်နေ့ မေလ (၃၁)ရက် ညက စတင်ရေဝင်လာခြင်းဖြစ်ကာ ယမန်နှစ် ရေတက်သည်ထက် ပိုမိုမြန်ဆန်ကြောင်း ဒေသခံများက လူမှုကွန်ရက်တွင် မှတ်ချက်ပြုကြသည်။
လက်ရှိတွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ကြက်ပေါင်ခြံ ရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ မြင့်ငြိမ်းအေး၊ အောင်တံ တား စသည့် မြေနိမ့်ပိုင်း ရပ်ကွက်အချို့ကို ဧရာဝတီမြစ် ရေဝင်ရောက်မှုကြောင့် ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရသည်။
မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေသည် စိုးရိမ်ရေအမှတ် (၁၂၀၀) စင်တီမီတာအောက်တွင်သာ ရှိနေသေးသော်လည်း ဆက်လက်မြင့်တက်နေကာ ယခုလက်ရှိတွင် ရေအမှတ် (၁၀ ၈၃)စင်တီမီတာသို့ ရောက်ရှိနေပြီး လာမည့် (၁) ရက်အတွ င်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ယနေ့ ဇွန် (၁) ရက် နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။
ထို့အတူ ချီဖွေမြို့၌လည်း မေခမြစ်ရေမြင့်တက်နေဆဲဖြစ်ကာ ချီဖွေ စစ်ရှောင်စခန်းနှင့် အနိမ့်ပိုင်း နေရာများ၌လည်း ရေစတင်မြုပ်သွားပြီ
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ အတူ လေပြင်းတိုက်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ မိုး သီးကြွေ၊ လျှပ်တပြက်ရေကြီး၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီး၌ နေထိုင်သူများသည် မြေပြိုမှုအန္တ ရာယ်၊ မြစ်၊ ချောင်းအနီး၌ နေထိုင်သူများသည် ရေကြီး၊ ရေလျှံမှု အန္တရာယ်ကြုံလာနိုင်သောကြောင့် ကြိုတင် ရှောင်ရှားနိုင်ရန်လည်း မိုး/ဇလက အကြံပြုထားသည်။
Source: Popular Myanmar