Miss World 2025 ဘွဲ့ကို ထိုင်းနိုင်ငံမှ Opal Suchata Chuangsri ဆွတ်ခူး ရရှိ
ယခုနှစ် နိုင်ငံတကာအလှမယ်ပြိုင်ပွဲကို စနေနေ့ (ဇွန် ၃၁) တွင် အိန္ဒိယ နိုင်ငံ၌ ကျင်းပခဲ့ရာ ထိုင်းနိုင်ငံမှ Opal Suchata Chuangsri က Miss World 2025 သရဖူကို ဆွတ်ခူးနိုင်ခဲ့သည်။
Chuangsri သည် Hyderabad မြို့တွင် ကျင်းပသော နိုင်ငံတကာမှ ပြိုင်ပွဲဝင် အလှမယ် ၁၀၈ ဦးအနက် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး အီသီယိုးပီးယား မှ Hasset Dereje Admassu က ဒုတိယရရှိခဲ့ပြီး Miss World 2024 Krystyna Pyszková က Chuangsri အား သရဖူချီးမြှင့်ပေးခဲ့သည်။
၇၂ ကြိမ်မြောက် Miss World ပြိုင်ပွဲကို ၂၀၁၆ ခုနှစ် Miss World ဆုရှင် Stephanie del Valle နှင့် အိန္ဒိယအစီအစဉ်တင်ဆက်သူ Sachiin Kumbhar တို့က ဦးဆောင်ကျင်းပခဲ့သည်။
အိန္ဒိယသည် ၂၀၂၄ ခုနှစ် တွင်လည်း အဆိုပါပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ်တွင်လည်း ဆက်လက်လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ ကိုယ်စားပြု Nandini Gupta သည် ဆန်ခါတင် ၂၀ ဦး စာရင်းတွင် ပါဝင်ခဲ့သော်လည်း ဆုမရရှိခဲ့ပေ။
Miss World ဘွဲ့ကို အိန္ဒိယမှ ၆ ကြိမ် ရရှိခဲ့ဖူးပြီး Reita Faria (1966), Aishwarya Rai (1994), Diana Hayden (1997), Yukta Mookhey (1999), Priyanka Chopra (2000) နှင့် Manushi Chhillar (2017) တို့ ပါဝင်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂