ယူကေတွင် တစ်ခါသုံးအီးစီးကရက်များ ရောင်းချမှုကို တားမြစ်မည်

News Image

  • ယူကေတွင် တစ်ခါသုံးအီးစီးကရက်များ ရောင်းချမှုကို တားမြစ်မည်

ယူကေတွင် တနင်္ဂနွေနေ့ (ဇွန် ၁) မှစ၍ တစ်ခါသုံးအီးစီးကရက်များ ရောင်းချမှုကို တားမြစ်သွားမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် “ပတ်ဝန်းကျင် အိပ်မက်ဆိုး” ဟုခေါ်ဆိုနိုင်သော တစ်ခါသုံးပစ္စည်းများကို ကိုင်တွယ် ဖြေရှင်းသည့် နိုင်ငံစာရင်းတွင် ထည့်သွင်းခြင်းခံရမည်ဖြစ်သည်။

သို့သော် အချို့သော တက်ကြွလှုပ်ရှားသူများက အဆိုပါ ကန့်သတ်မှု အသစ်သည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို တိုက်ဖျက်ရာတွင် “သမုဒ္ဒရာထဲက ရေတစ်စက်” သာဖြစ်ကြောင်း သတိပေးထားသည်။

အဆိုပါတားမြစ်မှုဖြင့် ယူကေသည် ပြင်သစ်နှင့် ဘယ်လ်ဂျီယမ်နိုင်ငံများ ပြီးလျှင် တစ်ခါသုံးအီးစီးကရက်များကို ဥပဒေဖြင့်တားမြစ်သည့် ဥရောပ ၏ ပထမဆုံးနိုင်ငံများထဲတွင် ပါဝင်လာမည်ဖြစ်သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Material Focus မှ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သော စစ်တမ်းတစ်ခုအရ ယူကေတွင် တစ်ပတ်လျှင် တစ်ခါသုံး အီးစီးကရက် ၈.၂ သန်းခန့် (စက္ကန့်တိုင်း ၁၃ လုံးနှုန်း) စွန့်ပစ်ခံနေရသည် ဟု ခန့်မှန်းထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂