မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာရင်ပြင်ပေါ်သို့ မန်းချောင်းရေများတက်လာ

News Image

  • မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာရင်ပြင်ပေါ်သို့ မန်းချောင်းရေများတက်လာ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန်းရွှေစက်တော်ဘုရားကြီး၏ အောက်စက်တော်ရာရင်ပြင်တော်ပေါ်သို့ ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက မန်းချောင်းရေများတက်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရေကအတော်တက်လာတယ်လို့ပြောရမယ်။ အောက်စက်တော်ရာရင်ပြင်ပေါ်မှာတော့ ရေတွေဝင်နေပြီ။ အခြေအနေကိုစောင့်ကြည့်နေရတဲ့အနေ အထားပါ။ အောက်စက်တော်ရာရဲ့ ခြေတော်ရာဖန်အုပ်ဆောင်းရှေ့မှာလည်းရေတွေဝင်နေတယ်။ မနှစ်ကလည်း သြဂုတ်လထဲမှာ ရေတက်သေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မန်းရွှေစက်တော်ဘုရား၏ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော်အား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ(၇၅) ရက်ကြာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Source: Popular Myanmar