အမေရိကန်၏ ပိတ်ဆို့မှုများဖယ်ရှားပေးမည့်အာမခံချက် အီရန်တောင်းဆို

News Image

  • Iran's Foreign Ministry spokesman Esmaeil Baghaei [File: Atta Kenare/AFP]

တီဟီရန်၊ နိုင်ငံရေး

အီရန်နိုင်ငံသည် နျူကလီးယားသဘော တူညီချက်အတွက် အမေရိကန်၏ပိတ်ဆို့ မှုများဖယ်ရှားပေးမည်ဟူသော အာမခံ ချက်ကို ဇွန်လ ၂ ရက်တွင်တောင်းဆိုလိုက် ကြောင်းသိရသည်။ အမေရိကန်ကပေးပို့ လိုက်သည့် နျူကလီးယားသဘောတူညီချက်အတွက်အဆိုပြုလွှာသည် လက်ခံနိုင် ဖွယ်ရှိကြောင်း အီရန်ကပြောပြီးနောက် ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။ 
အီရန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က ဧပြီလမှစ၍ နျူကလီးယားသဘောတူညီ ချက်အတွက် ဆွေးနွေးမှုကိုငါးကြိမ်လုပ် ဆောင်ထားပြီးဖြစ်ကာ ထိုသဘောတူညီချက်အတွက် လိုအပ်ချက်များရရှိထားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ကပြောသည်။ အီရန်အနေဖြင့် ယူရေနီယံ များကို တိုးမြှင့်ထုတ်လုပ်နေသည်ဟု ကုလသမဂ္ဂအေဂျင်စီကထုတ်ပြန်ပြီးနောက် အီရန်က ယခုကဲ့သို့တောင်းဆိုခြင်းဖြစ်သည်။

Ref: AGC

Photo- Aljazeera