မလေးရှားနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အာဆီယံအဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို ထောက်ခံ

News Image

  • မလေးရှားနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အာဆီယံအဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို ထောက်ခံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တိုးတက်လာနေသော စီးပွားရေးအလားအလာနှင့် ဒေသတွင်း မဟာဗျူဟာမြောက် အရေးပါမှုတို့ကို ကိုးကား၍ မလေးရှား နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Liew Chin Tong က အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းရန် စဉ်းစားသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

မေလ ၃၀ ရက်၊သောကြာနေ့က ကွာလာလမ်ပူမြို့တွင် ဗိုလ်မှူးချုပ် Md Moshfequr Rahman ဦးဆောင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသား ကာကွယ်ရေးကောလိပ် (NDC) မှ လာရောက်လည်ပတ်နေသည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ၎င်းက “အာဆီယံအနေဖြင့် အဆိုပါ ကိစ္စကို အလေးအနက် စဉ်းစားသင့်သည်ဟု မိမိယုံကြည်ပါသည်” ဟု ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့၏ အကြံပေးအကြီးအကဲ မိုဟာမက် ယူနွတ်က တိုကျိုတွင်ကျင်းပသည့် Nikkei ၏ နှစ်ပတ်လည် အနာဂတ် အာရှညီလာခံတွင် အဓိကမိန့်ခွန်းပြောကြားရာ၌ ဘင်္ဂလားဒေ့ရှ်သည် အာဆီယံအဖွဲ့ထဲသို့ ပူးပေါင်းဝင်ရောက်လိုကြောင်း ထပ်လောင်း ဖော်ပြ ခဲ့သည်” ဟု မလေးရှားနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးက ဇွန် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ၎င်း၏တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့ပါသည်။

လာမည့်နေ့ရက်များတွင် မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်ကြား စီးပွားရေး ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမည်ဟု မျှော်လင့်ကြောင်း ဒုတိယဝန်ကြီး Liew Chin Tong ကပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်သည် မလေးရှားစီးပွားရေးအတွက် အလွန်အရေးပါသော နိုင်ငံဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်လူမျိုးသန်းပေါင်းများစွာ မလေးရှားတွင် အလုပ်လုပ်နေခြင်းသာမက၊ ကမ္ဘာ့လူဦးရေအများဆုံး အဋ္ဌမနိုင်ငံအဖြစ် စီးပွားရေးအလားအလာလည်း ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက ဇွန်လကုန်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ကိုယ်စားလှယ်အဖွဲ့အား အသိပေးခဲ့ပါသည်။ 

ကိုးကား - bss