ဂျာမနီနိုင်ငံအနောက်ပိုင်းရှိ နေအိမ်တစ်ခုပေါ်သို့ လေယာဉ်ငယ် တစ်စင်း ပျက်ကျ

News Image

  • ဂျာမနီနိုင်ငံအနောက်ပိုင်းရှိ နေအိမ်တစ်ခုပေါ်သို့ လေယာဉ်ငယ် တစ်စင်း ပျက်ကျ

ဂျာမနီနိုင်ငံအနောက်ပိုင်းရှိ လူနေအိမ်တစ်ခုပေါ်သို့ လေယာဉ်ငယ် တစ်စင်းပျက်ကျခဲ့ရာ လူ (၂) ဦးသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ အဆိုပါလေယာဉ်ငယ်ပျက်ကျမှုသည် Mönchengladbach မြို့အနီးရှိ Korschenbroich မြို့၌ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ က ပြောကြားခဲ့ပါသည်။

လေယာဉ်ငယ်သည် လူနေအဆောက်အအုံကို ဝင်တိုက်ခဲ့ပြီးနောက် မီးလောင်ကျွမ်းသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါသည်။ ထို့အပြင် အဆိုပါဖြစ်ရပ်အတွင်း လူနှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ လေယာဉ်မှူး ဖြစ်နိုင်သည်ဟု ဂျာမန်သတင်းအေဂျင်စီ dpa က ရေးသားဖော်ပြခဲ့ပါသည်။

သို့သော်လည်း သေဆုံးသွားသည့် အခြားသူတစ်ဦးသည် လေယာဉ်ပေါ် တွင် လိုက်ပါလာသူ သို့မဟုတ် နေအိမ်ထဲ၌ ရှိနေသူဆိုသည်ကို လက်ရှိ အချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ ထို့အပြင် အဆိုပါလေယာဉ်ငယ် ပျက်ကျရသည့် အကြောင်းအရင်း အသေးစိတ်အချက်အလက်များကိုလည်း လက်ရှိအချိန်ထိ မသိရှိ ရသေးကြောင်း တာဝန်ရှိသူများက ဆက်လက်ပြောကြားခဲ့ပါသည်။

ကိုးကား- NP News