အီတလီနိုင်ငံ မောင့်အက်တနာမီးတောင်မှ မီးခိုးငွေ့နှင့် ပြာများ ပျံ့နှံ့နေပြီး ထပ်မံလှုပ်ရှားနိုင်သဖြင့် သတိပေးချက် ထုတ်ပြန်ထား

News Image

  • အီတလီနိုင်ငံ မောင့်အက်တနာမီးတောင်မှ မီးခိုးငွေ့နှင့် ပြာများ ပျံ့နှံ့နေပြီး ထပ်မံလှုပ်ရှားနိုင်သဖြင့် သတိပေးချက် ထုတ်ပြန်ထား

ရောမ   ဇွန် ၄

အီတလီနိုင်ငံတွင် မောင့်အက်တနာမီးတောင် ပေါက်ကွဲပြီးနောက် မီးခိုးလုံးများသည် မီးတောင်အနီးပျံ့နှံ့နေပြီး ထပ်မံလှုပ်ရှားနိုင်သဖြင့် စစ္စလီမြို့ပြကာကွယ်ရေးဌာနက ဇွန် ၃ ရက်က မီးတောင်သတိပေးချက် ထုတ်ပြန်ထားကြောင်း ယနေ့သတင်းများအရ သိရသည်။

အီတလီနိုင်ငံရှိ မောင့်အက်တနာမီးတောင်သည် ဇွန် ၂ ရက်က ပေါက်ကွဲခဲ့ပြီးနောက် မီးတောင်မှ ပြာမှုန်များနှင့် မီးခိုးငွေ့များသည် စစ္စလီကျွန်းအရှေ့ဘက်ထိ ပျံ့နှံ့နေကာ မီးတောင်ထိပ်တစ်ဝိုက်တွင်လည်း မီးခိုးများဖြင့် ဖုံးလွှမ်းနေသောကြောင့် ဇွန် ၃ ရက်တွင် မီးတောင်သတိပေးချက် ထုတ်ပြန်ထားကြောင်း၊ ထို့ကြောင့် မီးတောင်သို့ လေ့လာလည်ပတ်မည့်သူများ မြို့ပြကာကွယ်ရေးဌာနက သတိပေးထားကြောင်း သိရသည်။

“မီးတောင်သတိပေးချက်ထုတ်ထားပေမဲ့ စွန့်စွန့်စားစားတက်ကြတဲ့ တောက်တက်သမားတွေရှိပါတယ်။ အသက်အန္တရာယ်မဖြစ်ဖို့ အတွက်တော့ ဂရုစိုက်ကြရမှာပါ။ လက်ရှိအခြေအနေထိ မီးတောင်က မတည်ငြိမ်သေးပါဘူး။ စွန့်စားတာမျိုး မလုပ်စေချင်ပါဘူး။ တောက်မတက်မီ မိမိကိုယ်ကို ကာကွယ်ရေးအစီအစဉ်တွေတော့ သေချာပြင်ဆင်သွားဖို့လိုပါမယ်” ဟု စစ္စလီမြို့ပြကာကွယ်ရေးဌာနအကြီးအကဲ ဆာဗိုကိုနီကာက ပြောကြားခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ