အာကာသခရီး သွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် ထွက်ပေါ်လာမည့် ရုရှားအာကာသစခန်း

News Image

  • အာကာသခရီး သွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် ထွက်ပေါ်လာမည့် ရုရှားအာကာသစခန်း

ကမ္ဘာပတ်လမ်းအတွင်းရှိ နိုင်ငံတကာ အာကာသစခန်း (ISS)၏ နေရာတွင် အစားထိုး၍ အာကာသခရီးသွားလာရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင်မည့် ရုရှားအာကာသစခန်း (ROS) တစ်ခုကို တည်ဆောက်ရန် ရုရှားနိုင်ငံက စီစဉ်လျက်ရှိသည်။

ROS အနေဖြင့် လက်ရှိ နိုင်ငံတကာ အာကာသစခန်း၏ နေရာတွင် အစားထိုးသွားမည်ဖြစ်ပြီး အဆိုပါ ရုရှားအာကာသစခန်းကို အသုံးပြုခြင်းအားဖြင့် အာကာသခရီး သွားလာရေးလုပ်ငန်းကို ဖော်ဆောင်ရန် စီစဉ်လျက် ရှိကြောင်း ရုရှားအာကာသအေဂျင်စီ အကြီးအကဲဖြစ်သူ   ဒီမီထရီ ဘာကာနော့ဗ်က ဇွန်လ  ၃  ရက်တွင် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် ညီလာခံ တစ်ခုတွင် ပြောကြားသည်။

လက်ရှိအစီအစဉ်အရ ရုရှားနိုင်ငံသည် ရုရှားအာကာသစခန်းကို ပတ်လမ်းအတွင်း၌   ၂၀၂၇ ခုနှစ်မှစ၍  ၂၀၃၃ ခုနှစ်အထိ လည်ပတ်မည်ဖြစ်ပြီး ယင်းစီမံကိန်းအား အကောင်အထည်  ဖော်ဆောင်နိုင်ရေး အတွက် ကြိုးပမ်းလျက် ရှိသည်။

ထို့ပြင် ပတ်လမ်းအတွင်းသို့ လွှတ်တင်မည့် ရုရှားအာကာသစခန်းအား လူလိုက်ပါသည့် အာကာသယာဉ်များ လွှတ်တင်ရေးအတွက်လည်း   အသုံးပြုမည်ဖြစ်သည်။

MWD Web Portal