ပထမဆုံး တရုတ်-ဗဟိုအာရှ ခရီးသည်တင်ရထားကို တရုတ်နိုင်ငံ ဟော့အယ်ကောစစ် နယ်စပ်စခန်း၌ ရထားတွဲလဲလှယ်

News Image

  • ပထမဆုံး တရုတ်-ဗဟိုအာရှ ခရီးသည်တင်ရထားကို တရုတ်နိုင်ငံ ဟော့အယ်ကောစစ် နယ်စပ်စခန်း၌ ရထားတွဲလဲလှယ်

ခရီးသွားဧည့်သည် ၂၀၀ ကျော် လိုက်ပါလာသည့် ပထမဆုံးသော တရုတ်-ဗဟိုအာရှယဉ်ကျေးမှု ခရီးစဉ် ရထားမှာ နှစ်ရက်ကြာ ခရီးနှင်ပြီးနောက် ကာဇက်စတန်နိုင်ငံ အယ်လ်မာတီမြို့သို့ ဆိုက်ရောက်လာ ခဲ့သည်။
ရှီးအန်းမြို့မှ ထွက်ခွာလာသည့် အဆိုပါရထားမှာ မေ ၃၁ ရက်က တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ ဟော့အယ် ကောစစ် နယ်စပ်စခန်းမှတစ်ဆင့် နယ်စပ်ကိုဖြတ်ကျော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံတကာရထား အဆင်ပြေပြေ ထွက်ခွာနိုင်ရေးအတွက် ဘူတာရုံက လက်မှတ်လဲလှယ်ခြင်း၊ အထွက်စစ်ဆေးခြင်းနှင့် ရထား အစိတ်အပိုင်းများ လဲလှယ်ခြင်းတို့ လွယ်ကူချောမွေ့စေရန် ထိထိရောက်ရောက် ဆောင်ရွက်ပေးခဲ့သည်။

ကိုးကား- Xinhua