အမေရိကန် အရှေ့မြောက်ပိုင်း၌ တောမီးများလောင်မှုကြောင့် နယူးယောက် ဆင်ခြေဖုံးတွင် လေထုအရည်အသွေးဆိုးရွား

News Image

  • အမေရိကန် အရှေ့မြောက်ပိုင်း၌ တောမီးများလောင်မှုကြောင့် နယူးယောက် ဆင်ခြေဖုံးတွင် လေထုအရည်အသွေးဆိုးရွား

နယူးယောက် နိုဝင်ဘာ ၁၀

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း၌ တောမီးများ ဆက်လက်ပျံ့နှံ့လောင်ကျွမ်းလျက်ရှိရာ နယူးယောက်မြို့ ဆင်ခြေဖုံးဧရိယာအထိ ပျံ့နှံ့လာပြီး သီတင်းပတ်အကုန်ပိုင်းတွင် မြို့တော်တစ်ဝန်း လေထုအရည်အသွေး ဆိုးရွားလျက်ရှိသည်။

နယူးဂျာစီ၌ တောမီးလောင်မှု၏ ၄၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဟု နယူးဂျာစီ သစ်တောမီးငြှိမ်းသတ် ရေးအဖွဲ့က နိုဝင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။ တောမီးလောင်မှု ဖြစ်ပွားနေသည့် ဧရိယာမှာ မင်ဟက်တန်အနီး စင်ထရယ်ပါ့ခ်နှင့် ၁၃ ကီလိုမီတာသာ ကွာဝေးသည့် ဟော့ဒ်ဆန်မြစ် အနောက်ဘက် ကမ်းတွင် တည်ရှိသည်။

မြေပြင်တွင် ကူညီထောက်ပံ့မှုများပြုလုပ်ရန် မီးသတ်ကားများကို တောမီးလောင်ရာနေရာသို့ စေလွှတ်ခဲ့ကြောင်း တောမီးငြှိမ်းသတ်ရေးဌာနက ပြောသည်။ နယူးယောက်မြို့လေထုအရည်အသွေး သတိပေးချက်ကို နိုဝင်ဘာ ၉ ရက်ည ၁၁ နာရီတွင် နယူးယောက်မြို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနက ထုတ်ပြန်ခဲ့သည်။

တောမီးလောင်မှုများကြောင့် မီးသတ်သမားတစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။ နယူး ဂျာစီပြည်နယ် ဂျက်ဆန်မြို့နေအိမ်‌ခြောက်လုံးတွင် နေထိုင်ကြသူများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ပုံမှန်မဟုတ်သည့် ခြောက်သွေ့သော အခြေအနေများကြောင့် ကွန်နက်တီကယ်နှင့် နယူးဂျာစီပြည်နယ်တို့တွင် တောမီးလောင်မှုများ ကြုံတွေ့ခဲ့ရသည်။

ဆင်ဟွာ

Source- မြန်မာ့အလင်း