ဇီလန်စကီးသည် ပူတင်က ယူကရိန်းကို အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နိုင်ရန် အခွင့်အရေးဖန်တီးပေးခဲ့သည်ဟု ထရမ့် ပြောဆို
ယူကရိန်း၏ လတ်တလော ဒရုန်းတိုက်ခိုက်မှုများသည် ရုရှား၏ နျူကလီးယား ဒုံးကျည်များတင်ဆောင် တိုက်ခိုက်နိုင်သော ရေဒါပျောက် ဗုံးကြဲလေယာဉ် များရှိရာ လေကြောင်းအခြေစိုက်စခန်းများကို ပစ်မှတ်ထားခဲ့ပြီး တင်းမာမှုကို ပိုမိုမြင့်တက်စေကာ မော်စကိုအား အကြမ်းဖက်မှုတုံ့ပြန်ရန် တရားဝင် အခွင့်အရေးဖန်တီးပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ (ဇွန် ၆) တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ယူကရိန်းတပ်များသည် လွန်ခဲ့သည့်သီတင်းပတ်က ရုရှား၏ လေကြောင်း အခြေစိုက်စခန်းများကို ပေါင်းစပ်တိုက်ခိုက်မှုအပြင် ရုရှားအတွင်းရှိ ရထား လမ်းတံတားများကိုလည်း ဗုံးခွဲတိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ရထားများ လမ်း လွဲချော်ကာ အရပ်သား ၇ ဦးသေဆုံးခဲ့ပြီး ကလေးများအပါအဝင် ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သမ္မတ ဗလာဒီမာ ပူတင်သည် ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် အမေရိကန်သမ္မတနှင့် ဖုန်းဆက်ပြောကြားရာတွင် အဆိုပါ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ရုရှား၏တုံ့ပြန်မှုသည် ရှောင်လွှဲ၍ မရနိုင် ဟု ဆိုကာ တရားမျှတကြောင်း သတိပေးခဲ့သည်။
သတင်းထောက်များက ယူကရိန်း၏ တိုက်ခိုက်မှုသည် ရုရှား၏ (ကြည်း၊ ရေ၊ လေ) ဆိုင်ရာ နျူကလီယားစွမ်းအင်၏ အရေးပါသော အစိတ်အပိုင်းကို ပစ်မှတ်ထားခြင်းနှင့်ပတ်သက်၍ ထရမ့်၏ အမြင်ကို မေးမြန်းခဲ့ရာ ၎င်းက “အဆိုပါတိုက်ခိုက်မှုကို လုံးဝမနှစ်သက်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ထရမ့်က ယူကရိန်းတို့သည် ရုရှားက ၎င်းတို့ကို အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နိုင်ရန် အခွင့်အရေးဖန်တီးပေးလိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရပါက ကိုယ်တိုင်ဖန်တီးပေးခဲ့သည့် အချင်းအရာပင်ဖြစ်သည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။
ကိုးကား- RT
Photo: The Kyiv Independent
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂