မက္ကဆီကိုရှိ အမေရိကန်သံရုံး အပြင်ဘက်တွင် ဆန္ဒပြသူများက နယ်စပ်ဖြတ်ကျော် လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးများ ရပ်တန့်ရန် တောင်းဆို
မက္ကဆီကိုမြို့တော်ရှိ ဆန္ဒပြသူများသည် တနင်္လာနေ့ (ဇွန် ၁၀) တွင် အမေရိကန်သံရုံးအပြင်ဘက်၌ ဆန္ဒပြပွဲပြုလုပ်ကာ နယ်စပ်ဖြတ်ကျော် လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးများ ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။
Reuters ၏ ဗီဒီယိုတစ်ခုတွင် လူများသည် မက္ကဆီကိုနှင့် အမေရိကန် အလံများကို လွှင့်ထူပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရုပ်တုတစ်ခုကို မီးရှို့နေသည်ကို တွေ့ရသည်။
“Migrant Organization Aztlan” မှ လှုပ်ရှားသူ Alejandro Marinero က “ထရမ့်အစိုးရက အမေရိကရှိ မိမိတို့၏ လူမှုအသိုင်းအဝိုင်းများကို စစ်ဆင်နေသည့်လုပ်ရပ်များကို အရှိန်မြှင့်လာချိန်တွင် မိမိတို့ တိတ်ဆိတ်နေ၍ မရပါ” ဟု ပြောကြားခဲ့သည်။
“လူဝင်မှုမူဝါဒသည် ပါတီရေးအရ ကိစ္စမဟုတ်၊ လူတန်းစားရေး ပဋိပက္ခသာဖြစ်သည်။ ထိုစနစ်သည် မိမိတို့အား သီးခြားကွဲပြားစေရန်၊ အလုပ်အကျွေးပြုစေရန်နှင့် လူသားချင်းစာနာမှုကို စွန့်လွှတ်ကာ ၎င်းတို့၏ အမြတ်ငွေများရရှိရေးအတွက် အမှောင်ထဲတွင် ပိတ်ဆို့ထားရန် အသုံးပြုသော လက်နက်တစ်ခုသာဖြစ်သည်” ဟု ၎င်းက Reuters သို့ ပြောကြားခဲ့သည်။
ကိုးကား- CNN
Photo: Newsweek
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂