ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ငွေကျပ် ၄,၈၀၀ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် နံနက် ၈ နာရီ ၂၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီး ဦးထွန်းအောင်တံတား၌ သတင်းအရ စောင့်ဆိုင်းနေစဉ် အိုက်ရှဲန်ဖူး မောင်းနှင်လာသော SHN-12/7M-XXXX TOYOTA CROWN အမဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နောက်ဖုံးအတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၈၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၄,၈၀၀) ဖမ်းဆီးရမိသဖြင့် အိုက်ရှဲန်ဖူး(၃၈)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA
MM-News-Category