ဟော်မုဇ်ရေလက်ကြားအနီး အိုမန်ပင်လယ်ကွေ့ရေပြင်၌ ရေနံတင်သင်္ဘောနှစ်စီးဝင်တိုက်မှုဖြစ်ပွား
ဒူဘိုင်း ဇွန် ၁၇
ဟော်မုဇ်ရေလက်ကြားအနီး အိုမန်ပင်လယ်ကွေ့ရေပြင်၌ ယနေ့တွင် ရေနံတင်သင်္ဘောနှစ်စီး ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဗြိတိသျှ ပင်လယ်ရေကြောင်း လုံခြုံရေး ကုမ္ပဏီများ၏အဆိုအရသိရသည်။
ရေနံတင်သင်္ဘောနှစ်စီးဝင်တိုက် ခဲ့ပြီးနောက် ဖြစ်စဉ်၌ပါဝင်သော အက်ဒါလင်းအမည်ရှိ ရေနံတင် သင်္ဘောပေါ်မှ ရေယာဉ်ဝန်ထမ်း ၂၂ ဦးကို အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)ကမ်းခြေ စောင့်တပ်က ကယ်တင်ခဲ့ရသည်။
သင်္ဘောနှစ်စီး ဝင်တိုက်မှု ဖြစ်စဉ်သည် ယူအေအီးနိုင်ငံ ဟော်ဖက်ကန်မြို့ အရှေ့ဘက် ရေမိုင် ၁၂မိုင်အကွာ၌ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အစ္စရေးနှင့်အီရန်နိုင်ငံတို့ကြား ပဥ္မမြောက်နေ့အဖြစ် တစ်ဖက်နှင့်တစ်ဖက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေစဥ် အိုမန်ပင်လယ်ကွေ့၌ ရေယာဥ်နှစ်စီး ဝင်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်များအတွင်း ဟော်မုဇ်ရေလက်ကြား၌ ကုန်တင်သင်ဘောများ၏ ရေကြောင်းဆက်သွယ်ရေးစနစ်များ နှောင့်ယှက်ခံရမှု သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။
ဟော်မုဇ်ရေလက်ကြားသည် အိုမန်နှင့် အီရန်နိုင်ငံတို့ကြား တည်ရှိပြီး ကမ္ဘာ့ရေနံကုန်သွယ် ရေးလုပ်ငန်းအတွက် အရေးကြီးသည့်ရေလမ်းကြောင်းဖြစ်ကြောင်း သိရသည်။
Ref: RT
Tis: KKO
Photo - The Jerusalem Post