တောင်အာဖရိကနိုင်ငံ ကိပ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ဦးရေ ၁၀၀ ခန့်ရှိလာ

News Image

  • တောင်အာဖရိကနိုင်ငံ ကိပ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ဦးရေ ၁၀၀ ခန့်ရှိလာ

ပရီတိုးရီးယား ဇွန် ၁၈

တောင်အာဖရိကနိုင်ငံ အရှေ့ပိုင်း ကိပ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေမှာ ဇွန် ၁၇ ရက်တွင် ဦးရေ ၁ဝဝ ခန့် ရှိလာကြောင်း ပြည်နယ်အာဏာ ပိုင်များက ယနေ့သတင်းများအရ သိရသည်။

လက်ရှိတွင် ဆိုးရွားစွာဖြစ်ပေါ်နေသောရေဘေးကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

"နောက်ဆုံးရသတင်းတွေအရ သေဆုံးသူတွေရဲ့ သုံးပုံနှစ်ပုံက လူကြီးတွေဖြစ်ပြီး ကျန်တစ်ပုံက ကလေးငယ်တွေပါ။ လက်ရှိ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါဖြစ်တယ်လို့ မိသားစုတွေအတည်ပြုပေးလို့ ရုပ်အလောင်း ၇၇ လောင်းကို သူတို့ရဲ့ မိသားစုတွေဆီ ပြန်လည်ပေးအပ်ခဲ့ပါတယ်" ဟု ပြည်နယ်အာဏာပိုင်များက ပြောကြားခဲ့သည်။

ဇွန် ၁၅ ရက်က စတင်ဖြစ်ပွားခဲ့သော ရေကြီးမှုကြောင့် လူနေအိမ်များ၊ အစိုးရအဆောက်အအုံ များ၊ လမ်းများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ပြီး လူရာနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့်အပြင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့များသည် ရေဘေးဒဏ်သင့်ဒေသများသို့ ပံ့ပိုးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ