လီဝိုတိုဘီမီးတောင် ပေါက်ကွဲမှုကြောင့် ပြည်သူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပြီး လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

News Image

  • လီဝိုတိုဘီမီးတောင် ပေါက်ကွဲမှုကြောင့် ပြည်သူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပြီး လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း  နျူဆာတန်ဂါရာပြည်နယ်ရှိ   လီဝိုတိုဘီမီးတောင် ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများစွာကို ဘေးကင်းရာသို့ပြောင်းရွှေ့ပြီး လေယာဉ် ခရီးစဉ်များကို ဖျက်သိမ်းလိုက်ရကြောင်း တာဝန်ရှိသူ များက ဇွန်လ ၁၈ ရက်တွင် ပြောသည်။

မီးတောင်ပေါက်ကွဲမှုသည်   ဇွန်လ ၁၇ ရက်တွင် ဖြစ်ပွားခြင်းဖြစ်သော်လည်း ဇွန်လ ၁၈ ရက်အထိ လှုပ်ရှားမှုရှိနေဆဲဖြစ်ကြောင်းနှင့် တောင်စောင်းရှိ ကျေးရွာများအပေါ်  ပြာများကျဆင်းနေဆဲ ဖြစ်ကြောင်း သဘာဝ ဘေးလျော့ပါးရေး ဌာနက ထုတ်ပြန်ထားသည်။

မီးတောင်စတင်ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ပြာများသည် အမြင့် ၁၀ ကီလိုမီတာ အထိရောက်ရှိကြောင်း၊ ထို့ကြောင့်အရေးပေါ် လေကြောင်းသတိပေးချက်များကို ထုတ်ပြန်လိုက်ရကြောင်း၊  ဇွန်လ  ၁၈ ရက်ပေါက်ကွဲမှုမှာ    အင်အားနည်းပြီး ပြာများကအမြင့် ၁ ကီလိုမီတာအထိသာ ရောက်ရှိကြောင်း သိရသည်။

MWD Web Portal