ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းစု၌ ပြင်းအား ၆ ဒသမ ၁ ရစ်(ခ်)တာစကေးရှိ ငလျင်လှုပ်
ဂျပန်နိုင်ငံအရှေ့ပိုင်းရှိ ဟော့ကိုင်းဒိုး ကျွန်းစု နီမူရိုကျွန်းဆွယ်ကမ်းလွန်ဒေသ၌ ပြင်းအား ၆ ဒသမ ၁ ရစ်(ခ်)တာစကေးရှိငလျင်တစ်ခုလှုပ်ခတ်ကြောင်း ဂျပန် မိုးလေဝသဌာနက ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါငလျင်သည် နံနက် ၈ နာရီ ၈ မိနစ်တွင်လှုပ်ခတ်ခြင်းဖြစ်ကြောင်း၊ နီမူ ရိုကျွန်းဆွယ်အရှေ့တောင်ပိုင်းကမ်းလွန် ရေတိမ်ပိုင်းကိုဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ် ကြောင်း၊ ဟော့ကိုင်းဒိုးစီရင်စု၏မြို့တော်ဖြစ်သော ကူရှီရိုမြို့၌ ဂျပန်နိုင်ငံ၏ ငလျင် ပြင်းအား စံနှုန်းသတ်မှတ်ချက်အရ ပြင်း အား ၇ တွင် ပြင်းအား ၄ ရှိသည်ဟု တိုင်းတာရရှိကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ဟော့ကိုင်းဒိုး စီရင်စုရှိ ပစိဖိတ်ကမ်းရိုးတန်းအရှေ့ပိုင်း၌ လှိုင်းအမြင့်များသည် ၂ဝ စင်တီမီတာ အထိပြောင်းလဲမှုရှိသော်လည်း ပျက်စီးမှုနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း သိရသည်။
Ref: Xinhua
Photo- Youtube
MWD Daily Newspaper