မက္ကဆီကိုနိုင်ငံတောင်ပိုင်း ချီယာပတ်စ်ပြည်နယ်ကမ်းလွန်တွင် ပြင်းအား ၅ ဒသမ ၈ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွား

News Image

  • မက္ကဆီကိုနိုင်ငံတောင်ပိုင်း ချီယာပတ်စ်ပြည်နယ်ကမ်းလွန်တွင် ပြင်းအား ၅ ဒသမ ၈ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွား

မက္ကဆီကိုစီးတီး ဇွန် ၁၉ 


မက္ကဆီကိုနိုင်ငံ တောင်ပိုင်း ချီယာပတ်စ်ပြည်နယ် ကမ်းလွန်တွင် ဇွန် ၁၈ ရက်က ပြင်းအား ၅ ဒသမ ၈  မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဥရောပမြေထဲ ပင်လယ် ငလျင်ဆိုင်ရာဗဟိုဌာန ESMC က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

ငလျင်သည် မက္ကဆီကိုနိုင်ငံ တောင်ပိုင်း တာပါချူလာမြို့မှ ၁၈၉ ကီလိုမီတာအကွာတွင် ရှိသော ချီယာပတ်စ်ပြည်နယ်၏ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်လှုပ် ခတ်ခဲ့မှုကြောင့် ချီယာပတ်စ်ပြည်နယ်ရှိ လူနေအဆောက်အအုံ၊ အခြေခံ အဆောက်အအုံများ၊ လမ်း၊ တံတားတချို့ ပျက်စီးခဲ့ရ သည့်အပြင် လျှပ်စစ်ဓာတ်အားပေး ဓာတ်တိုင်တချို့ပြိုလဲခဲ့ရကြောင်း၊ ထို့ပြင် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စိတ်ချရမှုမရှိသော အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများကြား ပိတ်မိနေသူများလည်း ရှိသည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဦးစား ဆောင်ရွက်နေကြောင်းသိရသည်။

လက်တလော လူသေဆုံးမှု မရှိသေးသော်လည်း ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း၊ မက္ကဆီကို အမျိုးသားအရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း၍ အဆိုပါဧရိယာရှိ ပျက်စီးမှုကို စစ်တမ်းများ ကောက်ယူနေကြောင်း သိရသည်။

Ref: Sputnik New

Trs: KZ