ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်ဒီဒိုဆူးလ် ပြည်နယ်တွင် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပွားခဲ့

News Image

  • ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်ဒီဒိုဆူးလ် ပြည်နယ်တွင် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပွားခဲ့

ဘရာဇီးလီးယား ဇွန် ၁၉ 
ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်ဒီဒိုဆူးလ်ပြည်နယ်တွင် ဇွန် ၁၈ ရက်က ပြင်းထန်သောမုန်တိုင်း တိုက်ခတ်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပွားခဲ့သည်ဟု ဘရာဇီးအာဏာပိုင်များက ပြောကြားခဲ့သည်ဟု ယနေ့သတင်းများအရ သိရသည်။

အဆိုပါ သဘာဝဘေးများ ကြောင့် လူများစွာထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် ဇွန် ၁၈ ရက်က သည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့် မြစ်ရေမျက်နှာပြင် မြင့်တက်လာကာ ရီယိုဂရန်ဒီဒို ဆူးလ်ပြည်နယ်၏ မြို့တော်  ပေါ်တိုအယ်ဂရီနှင့် ကန်နော့်မြို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ ကြောင်း၊ အဆိုပါရေလွှမ်းမိုးမှု ကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကျခဲ့သဖြင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်နယ်အတွင်း နေထိုင်သော လူပေါင်း ၂၀ဝ၀ ကို ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းခဲ့ကြောင်း၊ ကျောင်း ၁၇ ကျောင်းကို ခေတ္တပိတ်ထားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး  က ပြောကြားခဲ့သည်။


Ref: Sputnik News

Trs: KZ

YDNB Newspaper