YBS 75 ယာဉ်လိုင်း လမ်းကြောင်း တိုးချဲ့ ပြေးဆွဲပေးမည်
ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီလက် အောက်ရှိ YBS 75 ယာဉ်လိုင်းသည် ဇွန်လ (၂၀) ရက်က စတင်ကာ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။
တိုးချဲ့ပြေးဆွဲပေးသည့် လမ်းကြောင်းမှာ ယခင်ဂိတ်ရင်း ငမိုးရိပ် (ကားကြီးဂိတ်) အစား မြောက်ဒဂုံ(ပင်လုံအိမ်ရာ)မှ ပြေးဆွဲပေးခြင်းဖြစ်သည်။
ထို့ကြောင့် မြောက်ဒဂုံ(ပင်လုံအိမ်ရာ) – ဘုရင့်နောင်လမ်း – ပင်လုံစီးတီးမော်လ် – ဆရာစံလမ်း – ပင်လုံဆေးရုံ – တံတားထိပ်(ပြည်ထောင်စုလမ်း) – တောင်/ မြောက်လမ်းဆုံ – ငမိုးရိပ်(ကားကြီးဂိတ်) – သွားဆေးတက္ကသိုလ် – သုဝဏ္ဏလမ်းဆုံ – ကြက်ဘဲဈေး – အာသောက – တာမွေအဝိုင်း– ရွှေဂုံတိုင် – မြေနီကုန်း – ဗားကရာလမ်း – ကြည့်မြင်တိုင်ဘူတာ – ကြည့်မြင်တိုင် (ညစျေး) အထိ တိုးချဲ့ပြေးဆွဲပေးတော့မည် ဖြစ်သည်။
ရန်ကုန်မြို့တွင် နေ့စဉ်သွားလာရေးအတွက် YBS ယာဉ်များကို အဓိကအားကိုးနေကြရကာ နေ့စဉ် ခရီးသည် (၁)သန်းခွဲနီးပါးကို ယာဉ်အစီးရေ (၃,၀၀၀)ကျော်ဖြင့် နေ့စဉ် ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။
Popular Myanmar