ရွှေတိဂုံစေတီတော်သို့ ယခုနှစ်ငါးလတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် သုံးသောင်းကျော် လာရောက်ဖူးမြော်

News Image

  • ရွှေတိဂုံစေတီတော်သို့ ယခုနှစ်ငါးလတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် သုံးသောင်းကျော် လာရောက်ဖူးမြော်

ရန်ကုန် ဇွန် ၂၂

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ ငါးလတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် သုံးသောင်း ကျော် လာရောက်ဖူးမြော်ကြကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပက အဖွဲ့မှ သိရသည်။

အဆိုပါကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် ဇန်နဝါရီလက ၈၈၂၁ ဦး၊ ဖေဖော်ဝါရီလက ၇၆၄၀ ဦး၊ မတ်လက ၇၅၀၂ ဦး၊ ဧပြီလက ၄၁၇၃ ဦး၊ မေလက ၅၂၆၂ ဦး စုစုပေါင်း ၃၃၃၉၈ ဦးနှင့် ပြည်တွင်းခရီးသွားဝင်ရောက်မှုအနေဖြင့် ၃၀၉၉၆၉၀ ဦး ရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်သို့ ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှုတွင် အာရှ၊ ဥရောပ၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသားများ အများဆုံးလာ ရောက်လည်ပတ်ကြကြောင်း သိရသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့သည် ရပ်နီးရပ်ဝေးမှဘုရားဖူးများအဆင်ပြေစေရန်နှင့် စိတ်အေးချမ်းသာစွာဖူးမြော်နိုင်ရန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ နံနက် ၅ နာရီ မှ ည ၉ နာရီအတွင်း ဖွင့်လှစ်ပေးလျက်ရှိရာမှ ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်မှစတင်ကာ ဘုရားဖူးမြော်ချိန်ကို နံနက် ၄ နာရီမှ ည ၁ဝ နာရီအတွင်း တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ဝန်းရံခ

 MWD Web Portal